အိန္ဒိယရိုးရာမီးနင်းပွဲတွင် မီးပုံတွင်းလဲကျသည့် အမျိုးသမီးဒဏ်ရာရ (ရုပ်သံ)

A d v e r t i s e m e n t With Us

February 18, 2016

အိန္ဒိယရိုးရာမီးနင်းပွဲတွင် မီးပုံတွင်းလဲကျသည့် အမျိုးသမီးဒဏ်ရာရ (ရုပ်သံ)

အိန္ဒိယနိုင်ငံ၊ ဘန်ဂလောမြို့မှာ ရိုးရာမီးနင်းပွဲကျင်းပနေချိန်အတွင်း အမျိုးသမီးတဦးဟာ မီးခဲတွေပေါ် ပြေးလွှားဖြတ်ကျော်စဉ်မှာ လဲကျပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ကျုဘ်တမီလ်ရုပ်မြင်သံကြားသတင်းမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်မှာ အဆိုပါအမျိုးသမီးဟာ တခြားသူတွေနဲ့အတူ မီးခဲတွေပေါ် ဖြတ်လျှောက်နင်းခဲ့ချိန်မှာ ခလုတ်တိုက်မိပြီးလဲကျလို့ သူ့ရဲ့ဆာရီဝတ်စုံဟာ မီးလောင် ကျွမ်းခဲ့တာကို တွေ့ရပါတယ်။ အနီးအနားကစောင့်ကြည့်နေတဲ့ တာဝန်ကျရဲတွေက သူ့ကို မီးတွင်းထဲက ကယ် တင်ဖို့ အလျင်အမြန်သွားခဲ့ကြပေမယ့် သူ့မှာ မီးလောင်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။ အနီးနားက အမျိုးသမီးတဦးကလည်း သူ့ကို မီးပုံထဲကဆွဲတင်ဖို့ ကြိုးစားခဲ့ပေမယ့် အရှိန်မထိန်းနိုင်ပဲ သူပါလဲကျသွားခဲ့တာပါ။ သူတို့ ၂ ဦးစလုံးကို အနီးဆုံးဆေးရုံတခုဆီပို့ဆောင်ပေးခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအ နေမရှိဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up