အိန္ဒိယရုပ်ရှင်

A d v e r t i s e m e n t With Us

May 29, 2019

သဘာဝလွန် သွေးပျက်ထိတ်လန့်ဖွယ် ဟင်ဒီစကားပြောရုပ်ရှင် - Khamoshi (နမူနာ)

ထူးထူးခြားခြား ဟင်ဒီစကားပြော Supernatural Horror အမျိုးအစား ရုပ်ရှင်ကား တကားဖြစ်တဲ့ Khamoshi ကို အိန္ဒိယနိုင်ငံမှာ လာမယ့် မေလ ၃၁ ရက်နေ့ ကနဦး ပြသသွားမှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ အိန္ဒိယ-အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Chakri Toleti က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပြီး Pooja ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာပါ။ ဒီကားကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Hush အမည်ရတဲ့ ဟောလိဝုဒ်ရုပ်ရှင်ကားကို ဟင်ဒီဘာသာစကားပြော ရုပ်ရှင်အနေနဲ့ ပြန်ရိုက်ထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ သစ်တောတခုထဲက စွန့်ပစ်ထားတဲ့ အိမ်ကြီးထဲမှာ ကြောင်လေးတကောင်နဲ့ အတူနေထိုင်တဲ့ နားမကြား၊ စကားမပြောတတ်တဲ့ ကောင်မလေးတယောက်က အိမ်တံခါးဝကို ရောက်လာတဲ့ ထူးဆန်းတဲ့ လူသတ်သမားလက်ကနေ လွတ်မြောက်အောင် ဘယ်လိုတိုက်ခိုက် ရုန်းကန်ခဲ့သလဲ ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ လူသတ်သမားကရော ဘယ်ကပေါ်လာခဲ့တာလဲ။ ဒီနောက်ကွယ်မှာရော ဘယ်လိုအကြောင်းအရာတွေ ရှိနေမလဲ ဆိုတာကိုတော့ ရုံတင်ပြသတဲ့အချိန်မှာ ပရိသတ်တွေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ အိန္ဒိယ သရုပ်ဆောင်မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Prabhu Deva၊ Tamannaah၊ Bhumika Chawla တို့နဲ့အတူ တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။ ထူးခြားတာကတော့ ဒီရုပ်ရှင်ဇာတ်လမ်း တခုလုံးကို လန်ဒန်မှာ အချိန် ၂၅ ရက်တည်းနဲ့ ရိုက်ကူးပြီးစီးခဲ့တာဖြစ်ပြီး တကမ္ဘာလုံးမှာတော့ ဇွန်လ ၁၄ ရက်နေ့ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။
2 years Ago
Up