အိန္ဒိယ၀န်ကြီးချုပ်

A d v e r t i s e m e n t With Us

June 22, 2019

နိုင်ငံတကာယောဂနေ့အခမ်းအနား အိန္ဒိယ၀န်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ပါဝင်

နိုင်ငံတကာယောဂနေ့ အခမ်းအနားကို အိန္ဒိယနိုင်ငံ ရန်ချီမြို့မှာ ဇွန်လ ၂၁ ရက်နေ့ကပြုလုပ်ပြီး ၀န်ကြီးချုပ် မိုဒီကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့ပါတယ်။ ပရာဖတ်သာရာ ကစားကွင်းအတွင်း ပြုလုပ်တဲ့ ပဉ္ဓမအကြိမ်မြောက် နိုင်ငံတကာယောဂနေ့ အခမ်းအနားမှာ လူပေါင်း နှစ်သောင်းခွဲဝန်းကျင်ပါဝင်ခဲ့ပြီး ၀န်ကြီးချုပ် နာရန်ဒြာမိုဒီလည်း ပူးပေါင်းခဲ့ပါတယ်။ “အသင်လောက.. သူရိန်နေမင်းရဲ့ ပထမဆုံးသော လင်းရောင်ခြည်ကို ယောဂလေ့ကျင့်သူတွေက ကြိုဆိုနေပါပြီ။ အလွန်လှပတဲ့ မြင်ကွင်းပါ။ သင်တို့အားလုံး ယောဂကျင့်စဉ်ကို လိုက်လံကျင့်ကြံပြီး ကိုယ့်ရဲ့ နိစ္စဒူဝ လုပ်ငန်းစဉ် ဖြစ်အောင် ကြိုးပမ်းကြပါလို့ တိုက်တွန်းအပ်ပါတယ်” လို့  ၀န်ကြီးချုပ် မိုဒီက ပြောပါတယ်။ အဖြူရောင် အင်္ကျီနဲ့ အားကစားဘောင်းဘီ ၀တ်ထားတဲ့ ၀န်ကြီးချုပ် မိုဒီဟာ ယောဂ၀ါသနာရှင်တွေနဲ့အတူ အသက်ရှူနဲ့ အကြောလျှော့လေ့ကျင့်ခန်းတွေ လုပ်ခဲ့ပါတယ်။ ကိုယ်တိုင် ယောဂလေ့လာလိုက်စားသူ တယောက်ဖြစ်တဲ့ မိုဒီဟာ ယောဂကျင့်စဉ်နဲ့ တိုင်းရင်းဆေးတွေကို မြှင့်တင်ဖို့အတွက် ၂၀၁၅ ခုနှစ်မှာ ၀န်ကြီးဌာန အသစ်တခုကို ဖွဲ့စည်းခဲ့ပါတယ်။ မိုဒီဟာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်လို့ တိုင်းရင်းဆေး အခန်းကဏ္ဍကို မြှင့်တင်ဖို့ စီမံကိန်းချ ဆောင်ရွက်နေပါတယ်။ ၀န်ကြီးချုပ် မိုဒီရဲ့ အဆိုပြုချက်ကို လက်ခံပြီး  ၂၀၁၄ ခုနှစ်မှာ ကုလသမဂ္ဂက ဇွန်လ ၂၁ ရက်နေ့ကို နိုင်ငံတကာယောဂနေ့အဖြစ် ကြေညာခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတကာယောဂနေ့ အထိမ်းအမှတ်အဖြစ် ဇွန်လ ၂၁ ရက်နေ့မှာ စုပေါင်း ယောဂကျင့်ပွဲတွေနဲ့ တခြားကျန်းမာရေး လေ့ကျင့်ခန်းတွေကို ကမ္ဘာတ၀န်း ပြုလုပ်ကြပါတယ်။
2 years Ago

May 26, 2019

ပြန်လည်ရွေးကောက်ခံရသည့် အိန္ဒိယ၀န်ကြီးချုပ် အစိုးရသစ်ဖွဲ့စည်းရန် ပြင်ဆင်

ပြန်လည်ရွေးကောက် တင်မြှောက်ခံထားရတဲ့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီဟာ ပထမဝန်ကြီးချုပ် သက်တမ်းကနေ နုတ်ထွက်စာကို အိန္ဒိယသမ္မတ ရမ်နာ့သ် ကိုဗင်းဆီမှာ မေလ ၂၄ ရက်က တင်သွင်းပြီး အစိုးရသစ်ကိုစဖွဲ့ဖို့ ပြင်ဆင်လိုက်ပါတယ်။ ကိုဗင်ဒ်က နုတ်ထွက်စာကို လက်ခံအပြီး မိုဒီနဲ့ ဝန်ကြီးများကောင်စီကို အစိုးရသစ်က တာဝန်ယူချိန်ထိ တိုင်အောင် ဆက်ပြီးရုံးတက်ဖို့ အဆိုပြုခဲ့ပါတယ်။ မိုဒီဟာ သူဝန်ကြီးတွေနဲ့ အစိုးရသစ်ဖွဲ့ရေး ဆွေးနွေးပွဲတွေကျင်းပပြီးမှ သမ္မတနဲ့ တွေ့ခဲ့တာပါ။ ဒါပေမယ့် အစိုးရအဖွဲ့အတွက် ကျမ်းသစ္စာ ကျိန်မယ့်နေ့ကိုတော့ မသတ်မှတ်ရသေးပါဘူး။ ရွေးကောက်ပွဲ ကော်မရှင်ဆီက တရားဝင် သတင်းအချက်အလက်တွေအရ မိုဒီရဲ့ BJP ပါတီက လွှတ်တော်အမတ်နေရာ ၅၄၂ နေရာထဲက ၃၀၃ နေရာကို အနိုင်ရခဲ့တာပါ။ ၂၀၁၄ ရွေးကောက်ပွဲတုန်းကတော့ ၂၈၂ နေရာကိုသာ ရခဲ့ပါတယ်။ မိုဒီနဲ့ BJP ပါတီဥက္ကဋ္ဌတို့ဟာ အကြီးတန်း ပါတီခေါင်းဆောင်တွေနဲ့ နယူးဒေလီက သူတို့အိမ်တွေမှာ တွေ့ဆုံခဲ့ကြသလို နိုင်ငံတလွှားမှာလည်း ပါတီကို ထောက်ခံသူတွေက အောင်ပွဲခံနေကြပါတယ်။
2 years Ago
More News
Up