အိန္ဒိယရေကြီး

July 8, 2015

အိန္ဒိယမြောက်ပိုင်း မိုးသည်းထန် ရေကြီး (ရုပ်သံ)

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတာပရာဒေခ်ျ့ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့တဲ့အတွက် ပြည်နယ်အတွင်း ခရိုင်အများစုမှာ ဇူလိုင် ၇ ရက်နေ့က ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။ ပြည်နယ်အတွင်းက ဒီလာမြစ်ရေလျှံခဲ့လို့ ရွာတွေ တရွာနဲ့တရွာ အဆက်အသွယ် ပြတ်ကုန်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ မြစ်ရေ ဆက်တက်နေပြီး ဒုက္ခရောက်နေတဲ့ ဒေသခံတွေကို ရေဘေးကယ်ဆယ်ရေး ကူညီဆောင်ရွက်ပေးဖို့ အစိုးရကို ရွာသားတဦးက အကူအညီ တောင်းခံခဲ့ပါတယ်။ အစိုးရက ရေဘေး ကြိုတင်သတိပေးချက်တွေ ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ဘူးလို့ ဒေသခံတချို့က ဆိုပါတယ်။ စိုက်ပျိုးမြေ အများအပြားလည်း ရေလွှမ်းမိုးခဲ့ပြီး ရွာသားတွေ သိုလှောင်ထားတဲ့ ကောက်ပဲသီးနှံ အများအပြားလည်း ရေနစ်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
6 years Ago
Up