အိန္ဒိယရေတပ်၊ အမှတ်(၁) လေ့ကျင့်ရေး ရေယာဉ်အုပ်မှ စစ်ရေယာဉ် INS TIR၊ INS SUJATA နဲ့ ICGS VARUNA တို့ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း MITT တံတားမှာ ရောက်ရှိဆိုက်ကပ်နေတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ အိန္ဒိယ စစ်သင်္ဘောတွေဟာ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးအလည်အပတ် ခရီးစဉ်အဖြစ် မနေ့ညနေက ရောက်ရှိလာတာဖြစ်ပြီး မြန်မာတပ်မတော်(ရေ)က အရာရှိကြီးတွေနဲ့ စစ်သည်တွေက သွားရောက်ကြိုဆိုခဲ့တယ်လို့ ဆိုပါတယ်။
စစ်ရေယာဉ်တွေမှာ အိန္ဒိယရေတပ်က အရာရှိ ၂၃ဝ ဦး၊ အခြားအဆင့် ၅၂ဝ ဦး၊ စုစုပေါင်း ၇၅ဝ ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၆ ရက်ထိ ၅ ရက်ကြာ နေထိုင် လေ့လာ လည်ပတ်သွားမယ်လို့ သိရပါတယ်။
6 years Ago