အိန္ဒိယတောင်ပိုင်း

A d v e r t i s e m e n t With Us

July 13, 2019

အိန္ဒိယတောင်ပိုင်းတွင် ရေလှောင်ကန်များ ရေခန်းခြောက်

အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီလ်နာဒူပြည်နယ်က ရေလှောင်ကန်တွေမှာ ရေခန်းခြောက်ကုန်တာမို့ ဇူလိုင်လ ၁၂ ရက်နေ့က အာဏာပိုင်တွေဟာ  ရေသယ်ရထားနဲ့ ရေဖြန့်ဖြူးဖို့ လုပ်ဆောင်နေပါတယ်။ အဲဒီရေသယ်ရထားကို ရေလှောင်ကန်တွေ ခန်းခြောက်ရာ ချင်းနိုင်မြို့ကို ဖြန့်ဖြူပေးမှာ ဖြစ်ပါတယ်။ ချင်းနိုင်မြို့ကနေ ၁၃၅ ကီလိုမီတာအကွာမှာရှိတဲ့  ဂျိုအာပတ်တီမြို့ ဘူတာရုံက ကျွမ်းကျင်ပညာရှင်တွေဟာ ရေသယ်ယာဉ် အစီး ၅၀ ကို ရေလီတာ ၅၀,၀၀၀ ဖြည့်တင်းပေးခဲ့တယ်လို့ သတင်းရင်းမြစ်တခုက ပြောပါတယ်။ ရေပေးဝေရေး စီမံခန့်ခွဲမှု ညံ့ဖျင်းတာနဲ့ မိုးခေါင်တာကြာင့် ချင်းနိုင်မြို့ကို ရေပေးဝေနေတဲ့ ရေလှောင်ကန် ၄ ခုစလုံး ဒီနှစ်နွေမှာ ခန်းခြောက်ကုန်တာပါ။ မြို့တော် နယူးဒေလီနဲ့ ဘန်ဂါလူလူ မြို့တွေအပါအ၀င် တခြားမြို့တွေမှာလည်း ရေပြတ်မှုတွေနဲ့ ကြုံနေရပါတယ်။ ဒေသခံတဦးက သောက်စရာရေတောင် အနိုင်နိုင်ဖြစ်တာမို့ ချိုးစရာ ရေမရှိဘူးလို့ ဆိုပါတယ်။ သူတို့ဟာ ရေကို စက်ဘီးတွေနဲ့ သယ်နေရပြီး ရေသယ်ရတဲ့အရှိန်ကြောင့် ကိုယ်ဝန်သည်တယောက်ဟာ အချိန်မတန်ဘဲ ကလေးမွေးခဲ့တယ်လို့ အဲဒီဒေသခံအမျိုးသမီးက ပြောသွားခဲ့ပါတယ်။
2 years Ago
Up