အိန္ဒိယအမျိုးသမီးအမတ် ၈ ပေအနက် ရေဆိုးမြောင်းထဲ ပြုတ်ကျသည့်ရုပ်သံ ထွက်ပေါ်

May 18, 2016

အိန္ဒိယအမျိုးသမီးအမတ် ၈ ပေအနက် ရေဆိုးမြောင်းထဲ ပြုတ်ကျသည့်ရုပ်သံ ထွက်ပေါ်

အိန္ဒိယနိုင်ငံမှ အမျိုးသမီးပါလီမန်အမတ် ပွန်နမ်ဘန်ဟာ မေလ ၁၆ ရက်နေ့က ဂျမ်နက်ဂါမြို့မှာရှိနေချိန်မှာ ရေဆိုးမြောင်းတခုထဲကို မတော်တဆပြုတ်ကျခဲ့တယ်လို့ ရုရှားတူဒေးသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ သူဟာ အဲဒီမြို့မှ ဒေသခံကလေးငယ်တွေ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးစီမံချက် တခုအတွက် ရောက်ရှိနေခဲ့တာပါ။ ရုပ်သံဖိုင်ထဲမှာ သူရပ်နေခဲ့တဲ့ နေရာရဲ့အပေါ် လူကူးကွန်ကရစ်တံတားတစင်းဟာ ရုတ်တရက်ပြိုကျခဲ့တာဖြစ်ပြီး ၈ ပေအနက်ရှိတဲ့ ရေဆိုးမြောင်းထဲကို ပြုတ်ကျ သွားခဲ့ တာကို တွေ့ရပါတယ်။ ပြုတ်ကျတဲ့အရှိန်ကြောင့် သူဟာ အရိုးကျိုးသွားခဲ့ပြီး ဦးခေါင်းကိုလည်း ထိခိုက် ဒဏ်ရာတွေရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။
6 years Ago
Up