အိန္ဒိယတွင် မြူထူထပ်မှုကြောင့် လေဆိပ်နှင့် ဘူတာရုံများတွင် ခရီးသည်များ သောင်တင်

January 2, 2018

အိန္ဒိယတွင် မြူထူထပ်မှုကြောင့် လေဆိပ်နှင့် ဘူတာရုံများတွင် ခရီးသည်များ သောင်တင်

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီက လေဆိပ်နဲ့ ဘူတာရုံတွေမှာ ဇန်နဝါရီ ၁ ရက်နေ့က ခရီးသည်တွေ သောင်တင်နေခဲ့ပါတယ်။ ရာသီချိန်အတွင်း အထူထပ်ဆုံးလို့ အစီရင်ခံထားတဲ့ သိပ်သည်းတဲ့ မြူတွေကြောင့် ကားမောင်းသူတွေဟာ ရှေ့မီးကြီးတွေကို ဖွင့်ပြီး မောင်းနှင်နေရပါတယ်။ နယူးဒေလီမြို့က အင်ဒီရာဂန္ဒီ နိုင်ငံတကာ လေဆိပ်ကနေ ပျံသန်းမယ့် လေကြောင်းခရီးစဉ်တွေလည်း နာရီနဲ့ချီပြီး ဆိုင်းငံ့ခဲ့ရပါတယ်။ လေယာဉ်ပြေးလမ်းပေါ်မှာ မြင်နိုင်စွမ်းက မနက်ခင်းမှာ မီတာ ၅၀ အောက် ကျဆင်းခဲ့ပါတယ်။ ဒေသခံတွေလည်း လေယာဉ်ဆိုက်မယ့်အချိန်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ မရလို့ မိသားစုဝင်တွေကို စောင့်ဆိုင်းနေသူတွေ မကျေမနပ် ပြောနေကြပါတယ်။ မြူထူထပ်မှုကြောင့် ရထား ၅၆ စီးလည်း နှောင့်နှေးခဲ့ရပြီး ရထားခရီးစဉ် ၁၅ ခု ဖျက်သိမ်းခဲ့ရပါတယ်။ နယူးဒေလီမှာ အပူချိန်က ၈ ဒီဂရီ ဆဲလ်စီးယပ်စ်သာ ရှိလို့ ခရီးသည်တွေ ထူထူထဲထဲ ဝတ်စားထားတာလည်း တွေ့ရပြီး မြူထူတွေ နောက်ထပ် ၃ ရက် ဆက်ရှိနိုင်ကြောင်း အိန္ဒိယ မိုးလေဝသဌာနက ပြောပါတယ်။ မြူထူတွေက နေကိုကွယ်ထားလို့ လာမယ့်ရက်တွေအတွင်း အပူချိန်ကျဆင်းမယ်လို့ မိုးလေဝသ အရာရှိတွေက ဟောကိန်းထုတ်ထားပါတယ်။
3 years Ago
Up