အိန္ဒိယတွင် အမြန်ရထားတိမ်းမှောက်

A d v e r t i s e m e n t With Us

November 20, 2016

အိန္ဒိယတွင် အမြန်ရထားတိမ်းမှောက်မှု ၆၃ ဦးသေ၊ ၁၂၀ ကျော် ဒဏ်ရာရ

အိန္ဒိယနိုင်ငံမြောက်ပိုင်းက ဥတာပရဒေခ်ျ့ပြည်နယ်မှာ တနင်္ဂနေ့မနက်အစောပိုင်းက လူစီးအမြန်ရထားလမ်းချော်တိမ်းမှောက်မှုဖြစ်ပြီး လူအယောက် ၆၃ ဦး သေဆုံးခဲ့ပြီး ၁၂၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ဒေသခံမီဒီယာတွေက ဖော်ပြကြပါတယ်။ အင်တော-ပါ့နာ အမြန်ရထားဖြစ်ပြီး မနက် ၃ နာရီလောက်မှာ ကံပူလ်မြို့နားမှာ လမ်းချော်တိမ်းမှောက်ခဲ့တာပါ။ တွဲကြား တွေကြား ပိတ်မိနေသူတွေ၊ အလောင်းတွေကို အရေးပေါ်ကယ်ဆယ်ရေးတွေက ကယ်ထုတ်နေကြပြီး သေဆုံးသူဦးရေ ပိုမြင့်လာနိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။ ရထားလမ်းချော်ရတဲ့အကြောင်းရင်းကို လောလောဆယ် မသိရသေးပါဘူး။ ဒေသခံ ရဲမင်းကြီးကတော့ “ရထားတိမ်းမှောက်တဲ့နေရာကို လူနာတင်ယာဉ်တွေ အများအပြားရောက်ရှိနေပြီး ပိတ်မိနေသူကို အမြန်ဆုံးကယ်ထုတ်နိုင်ရေး ကတော့ လောလောဆယ် ဦးစားပေးလုပ်ငန်းဖြစ်တယ်”လို့ ပြောဆိုပါတယ်။ လူအများဆုံးသေဆုံးရတဲ့နေရာကတော့ စက်ခေါင်းတွဲနားက လူစီးတွဲ ၂ တွဲဖြစ်တယ်လို့ ဆိုပါတယ်။ “အခုလို ခရီးသည်တွေ အသက်ဆုံးရှုံးရတာ ဖော်ပြလို့မတတ်အောင် ၀မ်းနည်းပူဆွေးရတယ်။ ကျန်ရစ်သူမိသားစုနဲ့အတူ ထပ်တူထပ်မျှပါပဲ” လို့ ၀န်ကြီးချုပ်မိုဒီက သူ့ရဲ့ Tweeter စာမျက်နှာမှာ ရေးသားထားပါတယ်။
4 years Ago
Up