အိန္ဒိယတွင် အမျိုးသမီးတဦး ကလေးမီးဖွားပြီးနောက် မုဒိမ်းကျင့်ခံရ

A d v e r t i s e m e n t With Us

February 23, 2016

အိန္ဒိယတွင် အမျိုးသမီးတဦး ကလေးမီးဖွားပြီးနောက် မုဒိမ်းကျင့်ခံရ

အိန္ဒိယနိုင်ငံ၊ ဘဟာဒူးဟာကာမြို့က ဆေးရုံမှာ အမျိုးသမီးတဦးဟာ ကလေးမွေးဖွားပြီးနောက် အထူးကြပ်မတ်ကုသဆောင်ထဲ ပြောင်းရွှေ့ထားချိန်မှာ  မုဒိမ်းကျင့်ခံခဲ့ရတယ်လို့ အိန္ဒိယတိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။ အသက် ၂၃ နှစ်အရွယ် အဲဒီအမျိုးသမီးဟာ ရဲတဦးရဲ့ ဇနီးဖြစ်ပြီး ဘရာဟမ်ရှန်တိ ဆန်းဂျီးဗာနီ ပုဂ္ဂလိကဆေးရုံမှာ ကလေးမွေးဖွားဖို့ တက်ရောက်ခဲ့ချိန် ခုလိုဖြစ်ခဲ့တာပါ။ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ကလေးမွေးဖွားခဲ့ပြီးနောက် ည ၁ နာရီအချိန်မှာ သူ့ကို အထူးကြပ်မတ်ကုသခန်းဆီ ရွှေ့ပြောင်းခဲ့ပြီး နာရီပိုင်းအကြာမှာ မုဒိမ်းကျင့်ခံခဲ့ရတာလို့ သတင်းက ဆိုပါတယ်။ ဆေးရုံတွင်း တပ်ဆင်ထားတဲ့ စီစီတီဗွီ ကင်မရာတွေမှာတော့ အဲဒီနေ့မနက် ၃း၂၀ နာရီ ၀န်းကျင်လောက်မှာ ဆရာဝန်အ၀တ်အစားနဲ့ လူတဦးဟာ အခင်းဖြစ်တဲ့အခန်းဆီ ဦးတည်သွားခဲ့တာကို တွေ့ရတာပါ။ ဒါပေမယ့် ပြစ်မှုကျူးလွန်သူဟာ ဦးထုပ်ဆောင်းလျက်သား မျက်နှာကို ဖုံးအုပ်ထားတာမို့ သေသေချာချာမမြင်ရဘဲ ရဲတွေအနေနဲ့ ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာကို ဆုံးဖြတ်ရ ခက်နေတာပါ။ ရဲအရာရှိ ဆူရက်ရှ်ကူးမားက “ဒါ တခုခုတော့ မှားယွင်းနေပြီ။ ဒီလမ်းနဲ့ တလမ်းတည်း တခြား ပုဂ္ဂလိကဆေးရုံတရုံမှာလည်း အမျိုးသမီးတဦးနားကို လူတယောက်က ဆရာဝန်အယောင်ဆောင်ပြီး ကပ်ခဲ့သေးတယ်။ သူက အဲဒီအမျိုးသမီးကို ထိဖို့ကြိုးစားချိန်မှာ အချက်ပေးခေါင်းလောင်းကို အမျိုးသမီးက နှိပ်ခဲ့လို့ ထွက်ပြေးခဲ့ပြီး မဖမ်းမိလိုက်ပါဘူး” လို့ ပြောပါတယ်။ ရဲတွေက ပြစ်မှုကျူးလွန်တဲ့ တရားခံကို ဖမ်းမိစေဖို့ လိုက်လံရှာဖွေနေကြပြီး အမျိုးသမီးရဲ့ ဆွေမျိုးသားချင်းတွေကတော့ ဆေးရုံရဲ့ လျစ်လျူရှုမှုနဲ့ အခင်းဖြစ်ပွားချိန်တွင်း အထူးကြပ်မတ်ကုသဆောင်တွင်း လုံခြုံရေးအစောင့် မရှိတာကို ပြစ်တင်ဝေဖန်နေကြတာပါ။
5 years Ago
Up