အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်မှာ မိုးအကြီးအကျယ်ရွာပြီး နေရာအနှံ့အပြား ရေကြီးတဲ့အတွက် ကောက်ပဲသီးနှံတွေ ပျက်စီးခဲ့ပါတယ်။
လတ်တလောနှစ်တွေအတွင်း အဆိုးရွားဆုံး မုတ်သုံမိုးကြောင့် ရေကြီးတဲ့အတွက် အနည်းဆုံး လူ ၅၁၄ ဦး သေဆုံးခဲ့တယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။
ထောင်နဲ့ချီတဲ့လူတွေကို ရေဘေးသင့် အိမ်တွေထဲကနေ ကယ်ဆယ်ရေးစခန်းတွေဆီ ပြောင်းရွှေ့ နေရာချထားခဲ့ရပါတယ်။
အရင်အပတ်က ဝန်ကြီးချုပ် နရင်ဒြာ မိုဒီက ဘီဟာပြည်နယ်အတွင်း ရေဘေးသင့် ဒေသတွေရဲ့ အခြေအနေကို သုံးသပ်ခဲ့ပါတယ်။
ဘီဟာပြည်နယ်ဝန်ကြီးချုပ် နီတစ်ရှ် ကူးမားနဲ့ သူ့ရဲ့ ဒု-ဝန်ကြီးချုပ် ဆူရှီး ကူးမား မိုဒီတို့နဲ့ အစည်းအဝေးအပြီးမှာ အမေရိကန်ဒေါ်လာ ၇၈ သန်းနဲ့ ညီမျှတဲ့ ရူပီးငွေ ၅ ဘီလျံကို ကယ်ဆယ်ရေးအတွက် လျာထားကြောင်း ကြေညာခဲ့ပါတယ်။
5 years Ago