အိန္ဒိယတွင် ဘုရားဖူး အချင်းချင်း နင်းမိသဖြင့် ၁၉ ဦး သေဆုံး

October 16, 2016

အိန္ဒိယတွင် ဘုရားဖူး အချင်းချင်း နင်းမိသဖြင့် ၁၉ ဦး သေဆုံး

အိန္ဒိယ ဥတ္တာပရာဒေ့ရှ်ပြည်နယ်က ဝန်ကြီးချုပ် နရင်ဒြာမိုဒီရဲ့ မဲဆန္ဒနယ် ဗာရာဏသီမှာ စနေနေ့က လူတွေ အချင်းချင်း နင်းမိမှုကြောင့် အနည်းဆုံး လူ ၁၉ ယောက် သေဆုံးတယ်လို့ အရာရှိတွေက ပြောပါတယ်။ ရာနဲ့ချီတဲ့ ဟိန္ဒူ ဘုရားဖူးတွေဟာ ရှေးဟောင်းမြို့ ဗာရာဏသီက မြင့်မြတ်တဲ့ နေရာကို သွားတဲ့ တံတားကို ဖြတ်ကူးဖို့ ကြိုးစားရင်း အလန့်တကြား ဖြစ်ခဲ့လို့ ခုလို လူနင်းမိကြတာပါ။ ဗာရာဏသီဟာ ကမ္ဘာ့သက်တမ်းအရင့်ဆုံး လူနေမြို့တွေထဲက တမြို့ပါ။ တံတာပြိုပြီ ဆိုတဲ့ ကောလာဟလကြောင့် ပရမ်းပတာ ဖြစ်ခဲ့တာလို့ ရဲအရာရှိတယောက်က ပြောပါတယ်။ မြင့်မြတ်တယ်လို့ သူတို့ ယူဆတဲ့ ဂင်္ဂါမြစ်ထဲမှာ စိမ်ရင် သူတို့ရဲ့ အပြစ်တွေ ရေနဲ့အတူ ပါသွားတယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် သန်းနဲ့ချီတဲ့ ဟိန္ဒူဘာသာဝင်တွေဟာ မြစ်ရေစိမ်ဖို့နဲ့ ဆုတောင်းဖို့ ဗာရာဏသီကို နှစ်စဉ် လာရောက်လေ့ ရှိပါတယ်။ ဝန်ကြီးချုပ် မိုဒီဟာ အခင်းဖြစ်ချိန်မှာ ကမ်းရိုးတန်းက ဂိုအာမြို့ ဘရစ်စ်နိုင်ငံများ အစည်းအဝေးကို တည်ခင်းကျင်းပနေတာပါ။ သူက ဘေးသင့်တဲ့ မိသားစုတွေကို စာနာကြောင်း ပြောပြီး ကူညီမယ်လို့လည်း ကတိပေးခဲ့ပါတယ်။
5 years Ago
Up