အိန္ဒိယတိုက်လေယာဉ်

February 27, 2019

ပါကစ္စတန်ပိုင်နက်ထဲ ကျူးကျော်ပျံသန်းလာသည့် အိန္ဒိယတိုက်လေယာဉ် ၂ စီး ပစ်ချခံရ

ပါကစ္စတန်နိုင်ငံ ပိုင်နက်ထဲကို ကျူးကျော်ပျံသန်းလာတဲ့ အိန္ဒိယလေတပ်က တိုက်လေယာဉ် နှစ်စီးကို ပါကစ္စတန်လေတပ်က ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်းမှာ ပစ်ချခဲ့ပါတယ်။ လေယာဉ်တစီးက ပါကစ္စတန် ပိုင်နက်ထဲကို ပျက်ကျခဲ့ပြီး နောက်တစီးက နှစ်နိုင်ငံပိုင်နက် အငြင်းပွားနေတဲ့ နယ်မြေထဲကို ပျက်ကျခဲ့တယ်။ အိန္ဒိယ လေယာဉ်မှူးတဦးနဲ့ တခြားနှစ်ဦးကို မြေပြင်မှာ ပါကစ္စတန်တပ်တွေက ဖမ်းထားတယ်လို့ ပါကစ္စတန်စစ်တပ် ပြောခွင့်ရ ဗိုလ်ချုပ်ကြီး အဆစ်ဂါဖူးလ်က တွစ်တာ လူမှုကွန်ရက်ကနေ ပြောပါတယ်။ ကက်ရှ်မီးယားပြည်နယ်ထဲက အငြင်းပွားနယ်မြေထဲကို ပျက်ကျလာတဲ့ စစ်လေယာဉ်ကြောင့် လေယာဉ်မှူးနှစ်ဦးနဲ့ အရပ်သားတဦး သေဆုံးခဲ့တယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက်ကလည်း ပါကစ္စတန်နိုင်ငံထဲမှာ အခြေစိုက်ထားတဲ့ ဂျိုက်ရှီမိုဟာမဒ် စစ်သွေးကြွ တပ်စခန်းတွေကို အိန္ဒိယတိုက်လေယာဉ် တဒါဇင်လောက်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်သွေးကြွ အများအပြား သေဆုံးတယ်လို့ အိန္ဒိယအစိုးရက ပြောပါတယ်။ ပါကစ္စတန်ကတော့ အိန္ဒိယရဲ့ ရန်လိုမှုကို လက်တုံ့ပြန်မယ်လို့ သတိပေးထားပါတယ်။
2 years Ago
Up