အိန္ဒိယဆယ်ကျော်သက်

A d v e r t i s e m e n t With Us

October 9, 2016

အိန္ဒိယဆယ်ကျော်သက်ကောင်လေး အမြှီးကို ခွဲစိတ်ဖယ်ရှား

မြှီးညောင့်ရိုးနေရာကနေ တစ်ဖြည်းဖြည်းကြီးထွားလာတဲ့ နှစ်ဆယ်စင်တီမီတာအရှည်အမြှီးပါတဲ့ အိန္ဒိယက ဆယ်ကျော်သက်ကောင်လေးဟာ ဒီအမြှီးကိုဖယ်ရှားဖို့ ခွဲစိတ်ခန်းဝင်နေရပါတယ်။ သူအသက် ၁၄ နှစ်ပြည့်အပြီးမှာ အမြှီးစတင်ထွက်လာပြီး အသက် ၁၈ နှစ်လောက်မှာ တစ်ဖြည်းဖြည်းရှည်လာတာပါ အိန္ဒိယနိုင်ငံက သူနဲ့သူ့မိသားစုဟာ ဒီကလေးအနိုင်ကျင့်ခံရမှာဆိုးလို့ ဒီအမြှီးကိစ္စကို လျှို့ဝှက်ထားကြတာပါ။ အမြှီးကဝှက်ထားလို့မရအောင် ရှည်လာပြီး အထဲကအရိုးကပါ စတင်ကြီးလာတာကြောင့် သူတို့ဆရာဝန်နဲ့တွေ့ဖို့ ဆုံးဖြတ်လိုက်ကြတာလို့ သိရပါတယ်။ ဒီအမြှီးရဲ့အရှည်ဟာ လူသားထဲမှာတော့ အရှည်ဆုံးမှတ်တမ်းဖြစ်ပြီး အင်မတန်လည်း ဖြစ်ခဲတယ်လို့ ဆရာဝန်တွေကဆိုပါတယ်။ အမည်မဖေါ်လိုတဲ့ ကလေးရဲ့အမေက “အမြှီးကခန္ဓာကိုယ်ရဲ့အပြင်ဖက်ထိအောင် ရှည်လာတာ့ ဒါကပြဿနာဖြစ်လာတယ်လေ” လို့ ပြောပါတယ်။ “ကလေးက အဝတ်လဲတိုင်း ဒီအမြှီးကို မထားရတယ် ဒါကတော်တော်လည်း စိတ်အနှောက်အယှက်ဖြစ်ရပြီး ကလေးက နာကျင်နေတာကိုလည်း ကျမတွေ့ပါတယ် ဒါကြောင့် သူ့ကို ဆေးရုံကို ခေါ်လာလိုက်တာ” လို့ဆိုပါတယ်။ ဆရာဝန်တွေကတော့ ကျောရိုးအခြေအနေပုံမှန် မဟုတ်တာကြောင့် ကလေးက အမိဝမ်းထဲမှာကတည်း အမြှီးပါလာပုံရပါတယ် ဒါပေမဲ့ ကလေးကြီးလာတော့ ဒါက အပြင်ကိုသိသိသာထွက်လာတာလို့ ပြောပါတယ်။ ဒီအမြှီးကိုခွဲစိတ်ဖယ်ရှားရတာက ဒီလောက်ကြီး ခက်ခဲရှုတ်ထွေးတဲ့ အလုပ်မဟုတ်ပေမဲ့ ဒီအမြှီးက ကျောရိုးရဲ့အစိတ်အပိုင်း တစ်ခုဖြစ်တာကြောင့် အကြောခွဲစိတ်အထူးကုတွေနဲ့ ခွဲစိတ်ခဲ့ရတာပါ။ ဒီကလေးကို ဆေးရုံမှာ ရက်အနည်းငယ်ထားပြီး အမြှီးခွဲစိတ်ဖယ်ရှားကုသပြီးရင် အိမ်ပြန်ခွင့်ပြုလိုက်မှာပါလို့လည်း သိရပါတယ်။
4 years Ago
Up