အိန္ဒိယစစ်သင်္ဘော

January 8, 2016

အိန္ဒိယကမ်းခြေစောင့် စစ်သင်္ဘောတစ်စီး ရန်ကုန်ကိုရောက်ရှိလာ (သတင်းဓာတ်ပုံ)

အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့က စစ်ရေယာဉ် JCGS VARAD ဟာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဇန်န၀ါရီ ၇ ရက်က ရန်ကုန် သန်လျင် သီလဝါဆိပ်ကမ်းမှာ ရောက်ရှိ ဆိုက်ကပ်နေတယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းက ထုတ်ပြန်ပါတယ်။ အဆိုပါ စစ်သင်္ဘောမှာ အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့က အရာရှိ ၂ဝ ဦးအပါအ၀င် စုစုပေါင်း ၁၁ဝ ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၁၁ ရက်အထိ ငါးရက်ကြာ လေ့လာလည်ပတ်သွားဖို့ရှိနေပါတယ်။ ဓာတ်ပုံ - မြ၀တီ
6 years Ago
Up