အိန္ဒိယရောက်

February 12, 2017

ကီလို ၅၀၀ ရှိ အီဂျစ်အမျိုးသမီး ခွဲစိတ်ကုသရန် အိန္ဒိယရောက် (ရုပ်သံ)

ကမ္ဘာ့ခန္ဓာကိုယ်အလေးချိန်အများဆုံးလို့ ယူဆရတဲ့ အီဂျစ်နိုင်ငံမှ ၅၀၀ ကီလိုဂရမ် (၇၈.၅ စတုံး) အလေးချိန်ရှိတဲ့ အမျိုးသမီး အလေးချိန်လျော့ချရေး ခွဲစိတ်ကုသမှု ခံယူဖို့ အိန္ဒိယနိုင်ငံ မွန်ဘိုင်းကို ရောက်ရှိလာတယ်လို့ ဘီဘီစီရဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။ နှစ်ပေါင်း၂၅ နှစ်အတွင်းမှာ အိမ်က အဝေးကို ထွက်ခွာတာ ဒါက ပထမဦးဆုံးအကြိမ်လို့ အသက် ၃၆ နှစ်အရွယ် အီမန်အမက်ဒ်ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ သူမကို ကုသဖို့ ဆေးရုံမှာ ၂ လ ဒါမှမဟုတ် ၃ လလောက် ကြာနိုင်ပြီး သူမခန္ဓာကိုယ်အလေးချိန် ၁၀၀ ကီလိုဂရမ်ပြန်ဖြစ်သွားဖို့ ၃ နှစ်လောက် ကြာနိုင်တယ်လို့ သိရပါတယ်။ “သူမ ဒီမှာရှိနေတာ တကယ်ပဲ ပျော်နေပါတယ်။ သူမက ဒီအဝလွန်ဝေဒနာကို ခံစားနေရတာ အတော်ကို ကြာနေပါပြီ။ ဒီဝေဒနာ ပြီးဆုံးသွားမယ်လို့ မျှော်လင့်ရပါတယ်” လို့ မွန်ဘိုင်းမှာ ရောက်နေတဲ့ အီဂျစ်နိုင်ငံရဲ့ အထွေထွေကောင်စစ်ဝန် အမက်ဒ်ခါလေးက ပြောပါတယ်။
4 years Ago
Up