အိန္ဒိယမှ မီးရထားစက်ခေါင်းတွဲသစ်များ ဝယ်ယူမည်

A d v e r t i s e m e n t With Us

March 4, 2016

အိန္ဒိယမှ မီးရထားစက်ခေါင်းတွဲသစ်များ ဝယ်ယူမည်

ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားနဲ့ အိန္ဒိယနိုင်ငံ နည်းပညာနှင့် စီးပွားရေး ဆောင်ရွက်မှုကုမ္ပဏီတို့ YDM-4 ခေါင်းတွဲသစ် ၁၈ ခေါင်းဝယ်ယူရေးနဲ့ပတ်သက်ပြီး သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲကို ဒီကနေ့ နေပြည်တော် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ မီးရထားခေါင်းတွဲသစ် ၁၈ ခေါင်းကို အိန္ဒိယချေးငွေနဲ့ဝယ်ယူမှာဖြစ်ပြီး စက်ခေါင်း တစ်ခေါင်းလျှင် ကန်ဒေါ်လာ ၁.၈ သန်း ကျသင့်ပြီး ၁၈ ခေါင်းအတွက် ကန်ဒေါ်လာ ၃၂.၄သန်း ကုန်ကျမှာပါ။ အခုဝယ်ယူတဲ့ စက်ခေါင်းတွေဟာ စာချုပ်ချုပ်ပြီး ၈ လကနေ ၁ နှစ်အတွင်း ပထမအသုတ် အဖြစ် စက်ခေါင်း ၆ ခေါင်းရောက်ရှိမှာဖြစ်ပြီး ရန်ကုန်-မန္တလေးလမ်းပိုင်း၊ မန္တလေး- မြစ်ကြီးနား လမ်းပိုင်း၊ ရန်ကုန် - ပြည်လမ်းပိုင်းနဲ့ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွေက လူစီးရထားတွေနဲ့ ကုန်တင်ရထားတွေမှာ အသုံးပြုသွားမယ်လို့ မြန်မာ့မီးရထား အင်ဂျင်နီယာ/ စီမံဌာနက အထွေထွေမန်နေဂျာ ဦးအောင်ဝင်းကပြောပါတယ်။ သတင်းဓာတ်ပုံ - ကျော်ဇေယျာဝင်း  
5 years Ago
Up