မန္တလေး အောင်မြေသာစံမြို့နယ် အိုးဘိုပတ္တမြားတောရပ်မှာ နှစ်ပေါင်းများစွာ နှစ်စဉ်မပျက် အိုးပုတ်ပွဲတော်ကျင်းပခဲ့ပါတယ်။
အိုးပုတ်ပွဲတော်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အစဉ်အလာမပျက်ကျင်းပခဲ့ ကြတာဖြစ်ပြီး ပွဲတော်ရက်ကိုတော့ ဝါခေါင်လဆန်း ၈ ရက်နေ့ကို သတ်မှတ်ခဲ့ပေမယ့်လည်း ဒီပွဲတော်နဲ့ ပတ်သက်ပြီး လူမူကွန်ရက်မှာ ပျံ့နှံ့ခဲ့တာကြောင့် လူသိများပြီး ဝါခေါင်လဆန်း ၈ ရက်နေ့မတိုင်မီ ကြိုတင်လာရောက်ကြသူတွေနဲ့ စည်ကားနေပါတယ်။
ရှေးအရင်ကပင် တောင်ပြုံးပွဲတော်ကို သွားရောက်ကြတဲ့ ပွဲတော်လာပရိသတ်တွေက ဒီဒေသမှာ ခရီးတထောက်နားရင်း အိုးပုတ်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြတာပါ။
အိုးဘိုရပ်ကွက်ဒေသခံတွေကလည်း သိသူရော မသိသူရောကို ဆွေမျိုးရင်းခြာ သဘောထားကြပြီး ဆနွင်းမကင်း၊ ကြာဇံဟင်းခါး၊ မုန့်ဟင်းခါး၊ ကျောက်ကျော၊ ထိုးမုန့်လမုန့်စတဲ့ မုန့်တွေကိုလည်း ဧည့်ခံကျွေးမွေးကြတဲ့ ဓလေ့ဟာလည်း အရမ်းချစ်စရာကောင်းတဲ့ အိုးပုတ် (ခိုး)ပွဲတော် သို့ အိုးပုတ်ပွဲတော်ကြီးလည်း ဖြစ်ပါတယ်။
စစ်ကိုင်း ငါးထပ်ကြီး၊ ဆေးအိုးဘို၊ တပ်ကြီးကျေးရွာ၊ ကြည့်မြင်တိုင်၊ ဘုန်းတော်နိုင်ငံ၊ ကျောက်မြောင်း၊ နွယ်ငြိမ်းစတဲ့ဒေသတွေက လာရောက်ပြီး နှစ်စဉ်မပျက်ရောင်းချကြတဲ့ အိုးပုတ်ပွဲတော်ကြီး ဖြစ်ပါတယ်။
5 years Ago