အိုးပင်းတင်းနစ်ကစားသမား

A d v e r t i s e m e n t With Us

January 20, 2021

သြစတြေးလျအိုးပင်းတင်းနစ်ကစားသမား နောက်ထပ် ၂ ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့

သြစတြေးလျအိုးပင်းတင်းနစ်ကစားသမား နောက်ထပ် ၂ ယောက်မှာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိတယ်လို့ အစိုးရတာဝန်ရှိသူတွေက ဇန်နဝါရီ ၂၀ ရက်က ပြောပါတယ်။  ကစားသမားယောက်နဲ့ ကစားသမားမဟုတ်သူ တစ်ယောက်၊ စုစုပေါင်း ၃ ယောက်တို့မှာ ပိုးတွေ့တယ်လို့ ဗစ်တိုးရီးယားပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲက ဆိုပါတယ်။ ဒါကြောင့် အခုဆိုရင် တင်းနစ်ကစားသမား ၄ ယောက်အပါအဝင် ဂရန်းဆလမ်းပြိုင်ပွဲနဲ့ ဆက်နွှယ်သူ စုစုပေါင်း ၁၀ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိပါတါတယ်။ အခုအခါမှာတော့ တင်းနစ်ကစားသမားနဲ့ ကစားသမား မဟုတ်တဲ့ အဖွဲ့ဝင် အယောက် ၇၀ ကျော်ဟာ ၁၄ ရက် ဟိုတယ်ကွာရန်တင်း ဝင်နေရပြီး ဖေဖော်ဝါရီ ၈ ရက်ကနေ ၂၁ ရက်အထိ ကျင်းပမယ့် ဂရန်းဆလမ်းပြိုင်ပွဲအတွက် မလေ့ကျင့်နိုင်သေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 months Ago
Up