အိုလံပစ်မီးရှူးတိုင်

March 8, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိုလံပစ်မီးရှူးတိုင်သယ်ဆောင်ပွဲ ကလေးများ ပါဝင်ခွင့်မပြုတော့

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိုလံပစ်မီးရှူးတိုင် သယ်ဆောင်ပွဲမှာ ကလေးတွေ ပါဝင်မှာ မဟုတ်ဘူးလို့ တိုကျို အိုလံပစ်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌက မတ် ၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။   ဂရိနိုင်ငံမှာ မတ် ၁၉ ရက်နေ့ မီးရှူးတိုင် လွှဲပြောင်းပွဲကို ကျင်းပပြီး မတ် ၂၀ ရက်နေ့မှာတော့ ဂျပန်နိုင်ငံမှာ မီးရှူးတိုင်ရောက်ရှိပွဲကို ပြုလုပ်သွားမှာပါ။  မူလက မီးရှူးတိုင် လွှဲပြောင်းပွဲကို ဂျပန်ကျောင်းသူကျောင်းသား ၁၄၀ လောက် သွားရောက်ဖို့ရှိပေမယ့် အဲဒီအစီအစဉ်ကို ဖျက်သိမ်းတယ်လို့ အိုလံပစ်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ယိုရှီယိုမိုရီက ပြောခဲ့တာပါ။  မတ် ၂၀ ရက် ဂျပန်နိုင်ငံ မတ်ဆုရှီမာ လေတပ်စခန်းမှာ လုပ်မယ့် အိုလံပစ်မီးရှူးတိုင် ရောက်ရှိပွဲ အခမ်းအနားမှာလည်း ကလေးငယ်တွေ ပါဝင်မှာ မဟုတ်ဘူးလို့ ယိုရှီယိုမိုရီက ဆိုပါတယ်။  ဂျပန်နိုင်ငံတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀၀၀ ကျော်ရှိပြီး ဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ကျောင်းတွေကို ပိတ်ထားပါတယ်။  ကိုရိုနာဗိုင်းရပ်စ်  စိုးရိမ်စိတ်တွေ ရှိတာကြောင့် ၂၀၂၀ တိုကျို အိုလံပစ်ပြိုင်ပွဲ မီးရှူးတိုင် လွှဲပြောင်းပွဲကို ကိုယ်စားလှယ်အဖွဲ့ငယ်သာ စေလွှတ်လုပ်ဆောင်သွားမယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။  
2 years Ago
Up