အမေရိကန် ပြည်ထောင်စု လေကြောင်း စီမံအုပ်ချုပ်ရေးရုံး (FAA) ကတော့ အိုမန်၊ အီရန်နဲ့ ပါရှားပင်လယ်ကွေ့တွေကို ဖြတ်ပြီး ပျံသန်းမယ့် အရပ်ဘက် လေကြောင်းလိုင်း အားလုံးကို တားမြစ်ကြောင်း အကြောင်းကြားစာ ထုတ်ပြန်ပါတယ်။
တရုတ်၊ စင်ကာပူ၊ မလေးရှား လေကြောင်းလိုင်းတွေနဲ့ သြစတြေးလျရဲ့ ကန်းတက်စ် လေကြောင်းလိုင်းတို့ကလည်း အရှေ့အလယ်ပိုင်းဒေသကို ဖြတ်ကျော်ပျံသန်းတဲ့ လေကြောင်းခရီးစဉ်တွေကို လမ်းကြောင်းပြောင်း ပြေးဆွဲဖို့ ပြင်ဆင် သတ်မှတ်ခဲ့ကြပါတယ်။
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒိုမစ်နစ်ရော့ဘ်ကတော့ အီရန်နဲ့ အမေရိကန် စစ်ဖြစ်ရင် အရှေ့အလယ်ပိုင်းတလွှားက စစ်သွေးကြွတွေ အကျိုးအမြတ် ရလိမ့်မယ်လို့ ဇန်နဝါရီ ၇ ရက်မှာ ပြောဆို သတိပေးခဲ့ပါတယ်။
1 year Ago