အိုမန်နိုင်ငံ

May 27, 2018

အိုမန်နိုင်ငံတွင် မုန်တိုင်းဝင်ရောက်မှုကြောင့် ၂ ဦးသေ၊ ၃ ဦးပျောက်ဆုံး

  ပါရှန်းပင်လယ်ကွေ့ တောင်ပိုင်းဒေသကို ဆိုင်ကလုန်းမုန်တိုင်း မက်ကူနူ ၀င်ရောက်ခဲ့ပြီးနောက် အိုမန်နိုင်ငံ ဒိုဖာပြည်နယ်မှာ လူ ၂ ဦင်္းသေဆုံးပြီး ၃ ဦးပျောက်ဆုံးနေတယ်လို့ သက်ဆိုင်ရာက မေလ ၂၆ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ သေဆုံးသူ ၂ ဦးမှာ ၁ ဦးက ကလေးငယ်ဖြစ်တယ်လို့ သိရပါတယ်။ ပျောက်ဆုံးနေသူ ၃ ဦးဟာ အာရှသားတွေဖြစ်တယ်လို့လည်း ONA ရုပ်သံလိုင်းက ကြေညာခဲ့ပါတယ်။ မေလ ၂၆ ရက်နေ့က မိုးသည်းထန်ခဲ့ပြီးနောက် မက်ကူနူ ဆိုင်ကလုန်း မုန်တိုင်းဟာ အိုမန်နိုင်ငံတွင်း အားပျော့သွားပါပြီ။ အာဏာပိုင်တွေဟာ ရှင်းလင်းရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် မြစ်ရှိတဲ့ တောင်ကြား ချိုင့်ဝှမ်းဒေသဖြစ်လို့ ဒိုဖှာမြို့တွင်း အဓိက လမ်းအများစုမှာ ရေလွှမ်းမိုးနိုင်တဲ့ အန္တရာယ်ကြောင့် ပြည်သူတွေကို အိမ်ထဲမှာပဲနေကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
4 years Ago
Up