အိုဘားမား ဂုဏ်ပြု

A d v e r t i s e m e n t With Us

October 1, 2016

ဘရာဇီးအိုလံပစ်ပြိုင်ပွဲဝင် အားကစားသမားများအား အိုဘားမား ဂုဏ်ပြု

အမေရိကန်သမ္မတ အိုဘားမားဟာ ဘရာဇီးအိုလံပစ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အမေရိကန်အားကစားသမားတွေကို အိမ်ဖြူတော်မှာတွေ့ဆုံပြီး ဂုဏ်ပြုခဲ့ပါတယ်။ ဂုဏ်ပြုပွဲမှာ မသန်စွမ်းအားကစားပြိုင်ပွဲ ၀င်ပြိုင်ခဲ့တဲ့အား ကစာသမားတွေလည်း ပါဝင်ခဲ့ပြီး ဘရာဇီးအိုလံပစ်ပြိုင်ပွဲမှာ စံချိန်တင်ခဲ့တဲ့ အမေရိကန်အားကစား သမားတွေကိုလည်း အိုဘားမာက ချီးကျူးစကား ပြောကြားခဲ့ပါတယ်။ ဘရာဇီးအိုလံပစ်ပြိုင်ပွဲမှာ အမေရိကန်အားကစားအဖွဲ့က ရွှေတံဆိပ် ၄၆ ခု ငွေတံဆိပ် ၃၇ ခု၊ ကြေးတံဆိပ် ၃၈ခုရရှိခဲ့ပြီး နှစ်ပေါင်း၄၀အတွင်းပထမဆုံးအကြိမ် နိုင်ငံအလိုက် အဆင့် ၁ နရာကိုပြန် လည်ရယူနိုင်ခဲ့တာ ပါ။ သမ္မတအိုဘားမားဟာ ဘရာဇီးအိုလံပစ်ပြိုင်ပွဲမှာရွှေတံဆိပ်အ များအပြားရယူနိုင်ခဲ့တဲ့ အမေးရိကန်အမျိုးသမီး အားကစားသမားတွေကိုလည်း ချီးကျူးပြောကြားခဲ့ပါတယ်။ အိုဘာမားဟာ  ရွှေတံဆိပ်ရယူခဲ့တဲ့ အမေရိကန်ကျွမ်းဘား အမျိုးသမီးအသင်း ကကစားသမားတွေလို ခြေထောက်နှစ်ချောင်းကို ကြမ်းပြင်ပေါ်မှာ ကားပြဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
4 years Ago
Up