ရေနံထုတ်လုပ်ရောင်းချသော နိုင်ငံများအဖွဲ့ အိုပက်နဲ့ ရုရှားဦးဆောင်တဲ့ မဟာမိတ် အိုပက်ပလပ်စ်အဖွဲ့တို့ဟာ တနေ့ကို ရေနံစိမ်းစည် ၉ ဒဿမ ၇ သန်းအထိပဲ ဇူလိုင်လကုန်ထိ ထုတ်လုပ်ဖို့ သဘောတူညီချက် ရခဲ့ပါတယ်။
ဇွန်လ ၆ ရက်ကလုပ်တဲ့ ဆော်ဒီဦးဆောင်တဲ့ အိုပက်အဖွဲ့ဝင်တွေနဲ့ ရုရှားဦးဆောင်တဲ့ မဟာမိတ်တွေကြား ဗွီဒီယိုကွန်ဖရင့်မှာ ဒီ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ။
ဆော်ဒီစွမ်းအင်ဝန်ကြီး မင်းသား ဆယ်လ်မန်အယ်ဆော့ကလည်း ကမ္ဘာ့ရေနံဈေးကွက် အတွင်း မသေချာမှုတွေရှိနေပေမဲ့ ရေနံရောင်းချတဲ့နိုင်ငံတွေအနေနဲ့ ဈေးကွက်ယုံကြည်မှုရအောင် ထိန်းဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
ဆော်ဒီဟာ ရုရှား နဲ့ အခြားနိုင်ငံတွေနဲ့ မတ်လက သဘောတူညီချက် ပျက်ခဲ့ပြီးနောက် တနေ့ကို ရေနံစိမ်းစည် ၁၂ သန်းကျော် ထုတ်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီကာလအတွင်း ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ရေနံဈေးတွေ ထိုးကျနေခဲ့ပါတယ်။
မေနဲ့ဇွန်လအတွက် အခု သဘောတူညီချက်ရမှ ရေနံစိမ်း ၁ စည် ဈေးဟာ ၁၆ ဒေါ်လာကနေ ဒေါ်လာ ၄၀ ဝန်းကျင်အထိ ပြန်တက်လာခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
9 months Ago