အိုဒွိုင်းလ်

January 18, 2019

လူငယ်ကစားသမား အိုဒွိုင်းလ်ကို တပတ် ပေါင် ၇၀၀၀၀ ဖြင့် စာချုပ်ရန် ချဲလ်ဆီးပြင်ဆင်

ချဲလ်ဆီးအသင်းဟာ အသင်းရဲ့ လူငယ်ကစားသမား အိုဒွိုင်းလ်ကို ဆက်လက် ထိန်းသိမ်းထားဖို့အတွက် တပတ်လုပ်ခ ပေါင် ၇၀၀၀၀ နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အိုဒွိုင်းလ်ကို ဂျာမနီထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အတွက် အသင်းအနေနဲ့ အခုလို ထိန်းသိမ်းဖို့ ပြင်ဆင်နေတာပါ။ လက်ရှိ လုပ်ခလစာ ပေါင် ၅၀၀၀၀ ရရှိနေတဲ့ အိုဒွိုင်းလ်ဟာ အသင်းမှာ ပွဲထွက်ကစားခွင့် ပျောက်ဆုံးနေတာကြောင့် ဘိုင်ယန်မြူးနစ်ရဲ့ ပေါင် ၃၅ သန်းနဲ့ ခေါ်ယူမယ့် စာချုပ်ကို စိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။ အိုဒွိုင်းလ်ရဲ့ အပြောင်းအရွှေ့ဟာ သူ့ရဲ့အစ်ကိုဖြစ်သူနဲ့ အဖေဖြစ်သူတို့အပေါ် မူတည်နေပြီး ကစားသမား ကိုယ်တိုင်ကတော့ အသင်းကနေ ထွက်ခွာချင်နေတာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ အသင်းမှာရှိတဲ့ ကစားသမားတွေကို ဆက်လက်ထိန်းသိမ်းလိုနေပြီး တိုက်စစ်ကစားသမားသစ်တဦးကိုလည်း ထပ်မံဖြည့်တင်းဖို့ ပြင်ဆင်နေပါတယ်။
3 years Ago
Up