အိုဇေးလ်နှင့်ကိုလာဆီနက်

August 10, 2019

လုံခြုံရေးကြောင့် အိုဇေးလ်နှင့်ကိုလာဆီနက် ပရီးယားလိဂ်အဖွင့်ပွဲ လွဲချော်မည်

ပြီးခဲ့တဲ့ဇူလိုင်လက ဓားထောက်လုယက်ခံခဲ့ရတဲ့ အိုဇေးလ်နဲ့ ကိုလာဆီနက်ချ်တို့ဟာ ဒဏ်ရာပြသနာမရှိပေမယ့် လုံခြုံရေးအရ နယူးကာဆယ်အသင်းနဲ့ ရာသီသစ်အဖွင့်ပွဲမှာ ပါဝင်လာဖို့ မရှိဘူးလို့ အာဆင်နယ်အသင်းက ထုတ်ပြန်ပါတယ်။  လန်ဒန်အခြေစိုက် အာဆင်နယ်အသင်းရဲ့ ကစားသမားနှစ်ဦးအား ကြိုတင်ကြံစည် လုယက်ခဲ့တယ်လို့ ယူဆရတဲ့ အဲ့ဒီအမှုကို ရဲတပ်ဖွဲ့တွေက စုံစမ်းဖော်ထုတ်နေဆဲဖြစ်ပေမယ့် လက်ရှိအချိန်ထိ တရားခံကို ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။ ဖြစ်စဉ်မှာ အိုဇေးလ်ကို ကာကွယ်ပေးခဲ့တဲ့ ကိုလာဆီနက်ဟာ ဟီးရိုးတယောက်အဖြစ်လည်း နာမည်ကြီးသွားခဲ့သလို နောင်မှာ အမှတ်တရဖြစ်လာနိုင်တဲ့ လုပ်ရပ်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ အဖွင့်ပွဲစဉ်ကိုတော့ လုံခြုံရေးအရ ဆိုတဲ့အကြောင်းပြချက်နဲ့ ကစားခွင့် မရသေးတာဖြစ်ပါတယ်။ နောက်ခံကစားသမား ကိုလာဆီနက် ပါဝင်လာမှာမဟုတ်တဲ့အပြင် လူငယ်ကြယ်ပွင့် တီယာနေးလည်း ကြံ့ခိုင်မှုမပြည့်သေးလို့ ဝါရင့်နောက်ခံလူ မွန်ရီရယ်ကိုပဲ အသုံးပြုဖွယ်ရှိနေပါတယ်။  မွန်ရီရယ်ရဲ့ အသက်အရွယ်ကြောင့် လူငယ်ကစားသမားအများစုနဲ့ စုဖွဲထားတဲ့ အာဆင်နယ်အသင်း နောက်တန်းအတွက် ပရိသတ်တွေကလည်း စိုးရိမ်နေကြပါတယ်။
Zawgyi Version လုံၿခဳံေရးေၾကာင့္ အိုေဇးလ္ႏွင့္ကိုလာဆီနက္ ပရီးယားလိဂ္အဖြင့္ပြဲ လြဲေခ်ာ္မည္ DVB ၿပီးခဲ့တဲ့ဇူလိုင္လက ဓားေထာက္လုယက္ခံခဲ့ရတဲ့ အိုေဇးလ္နဲ႔ ကိုလာဆီနက္ခ်္တို႔ဟာ ဒဏ္ရာျပသနာမရွိေပမယ့္ လုံၿခဳံေရးအရ နယူးကာဆယ္အသင္းနဲ႔ ရာသီသစ္အဖြင့္ပြဲမွာ ပါဝင္လာဖို႔ မရွိဘူးလို႔ အာဆင္နယ္အသင္းက ထုတ္ျပန္ပါတယ္။ လန္ဒန္အေျခစိုက္ အာဆင္နယ္အသင္းရဲ႕ ကစားသမားႏွစ္ဦးအား ႀကိဳတင္ႀကံစည္ လုယက္ခဲ့တယ္လို႔ ယူဆရတဲ့ အဲ့ဒီအမႈကို ရဲတပ္ဖြဲ႕ေတြက စုံစမ္းေဖာ္ထုတ္ေနဆဲျဖစ္ေပမယ့္ လက္ရွိအခ်ိန္ထိ တရားခံကို ရွာေဖြေဖာ္ထုတ္ႏိုင္ျခင္း မရွိေသးဘူးလို႔လည္း သိရပါတယ္။ ျဖစ္စဥ္မွာ အိုေဇးလ္ကို ကာကြယ္ေပးခဲ့တဲ့ ကိုလာဆီနက္ဟာ ဟီး႐ိုးတေယာက္အျဖစ္လည္း နာမည္ႀကီးသြားခဲ့သလို ေနာင္မွာ အမွတ္တရျဖစ္လာႏိုင္တဲ့ လုပ္ရပ္လည္းျဖစ္ပါတယ္။ ဒါေပမဲ့ အဖြင့္ပြဲစဥ္ကိုေတာ့ လုံၿခဳံေရးအရ ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ ကစားခြင့္ မရေသးတာျဖစ္ပါတယ္။ ေနာက္ခံကစားသမား ကိုလာဆီနက္ ပါဝင္လာမွာမဟုတ္တဲ့အျပင္ လူငယ္ၾကယ္ပြင့္ တီယာေနးလည္း ႀကံ့ခိုင္မႈမျပည့္ေသးလို႔ ဝါရင့္ေနာက္ခံလူ မြန္ရီရယ္ကိုပဲ အသုံးျပဳဖြယ္ရွိေနပါတယ္။ မြန္ရီရယ္ရဲ႕ အသက္အ႐ြယ္ေၾကာင့္ လူငယ္ကစားသမားအမ်ားစုနဲ႔ စုဖြဲထားတဲ့ အာဆင္နယ္အသင္း ေနာက္တန္းအတြက္ ပရိသတ္ေတြကလည္း စိုးရိမ္ေနၾကပါတယ္။
2 years Ago
Up