အိုင်းရစ်ရှ်မိန်းကလေး

August 14, 2019

မလေးရှားတွင် ပျောက်ဆုံးခဲ့သည့် အိုင်းရစ်ရှ်မိန်းကလေး အလောင်း မိသားစု အတည်ပြုပြီးနောက် ဆေးရုံသို့ရွှေ့

မလေးရှားနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၀ ရက်က တောနက် အပန်းဖြေစခန်းကနေ ပျောက်သွားတဲ့ ဆယ်ကျော်သက် အိုင်းရစ်ရှ်လူမျိုး မိန်းကလေးရဲ့ အလောင်း ရှာတေ့ွပြီးနောက် မလေးရှားအာဏာပိုင်တွေက သြဂုတ် ၁၃ ရက်မှာ ဆေးရုံကို ရွှေ့ပြောင်းလိုက်ပါတယ်။ အသက် ၁၅ နှစ်အရွယ် မိန်းကလေး နိုရာ အန်း ကွာရင်းရဲ့ မိသားစုကိုလည်း ဆေးရုံဆီ ခေါ်လာပြီး အလောင်းမှန်မမှန် အတည်ပြုခဲ့တယ်လို့ ဆမ်ဘီလန်ပြည်နယ် ရဲချုပ်က ပြောပါတယ်။ သြဂုတ် ၁၄ ရက်မနက်မှာ ရင်ခွဲစစ်ဆေးမယ်လို့ သူက ဆက်ပြောပါတယ်။ မိန်းကလေးရဲ့ အလောင်းကို အပန်းဖြေစခန်းကနေ ၁ ဒသမ ၆ မိုင် အဝေးက စမ်းချောင်းနားမှာ တွေ့ခဲ့တာပါ။ အလောင်းကို ရဟတ်ယာဉ်နဲ့တင်ပြီး အနားက ဆေးရုံဆီ ပို့ခဲ့တယ်လို့ ရဲက ပြောပါတယ်။ ကွာရင်းဟာ သူ့မိသားစုနဲ့အတူ ကွာလာလမ်ပူ မြို့တော်ကနေ ၄၄ မိုင်ဝေးတဲ့ ဆေရမ်ဘန်မြို့က မိုးသစ်တော အပန်းဖြေစခန်းကို ရောက်လာအပြီး သြဂုတ် ၄ ရက်မှာ ပျောက်ဆုံးနေကြောင်း သက်ဆိုင်ရာကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
Zawgyi Version မေလးရွားတြင္ ေပ်ာက္ဆုံးခဲ့သည့္ အိုင္းရစ္ရွ္မိန္းကေလး အေလာင္း မိသားစု အတည္ျပဳၿပီးေနာက္ ေဆး႐ုံသို႔ေ႐ႊ႕ DVB မေလးရွားႏိုင္ငံမွာ လြန္ခဲ့တဲ့ ၁၀ ရက္က ေတာနက္ အပန္းေျဖစခန္းကေန ေပ်ာက္သြားတဲ့ ဆယ္ေက်ာ္သက္ အိုင္းရစ္ရွ္လူမ်ိဳး မိန္းကေလးရဲ႕ အေလာင္း ရွာေတ့ြၿပီးေနာက္ မေလးရွားအာဏာပိုင္ေတြက ၾသဂုတ္ ၁၃ ရက္မွာ ေဆး႐ုံကို ေ႐ႊ႕ေျပာင္းလိုက္ပါတယ္။ အသက္ ၁၅ ႏွစ္အ႐ြယ္ မိန္းကေလး ႏိုရာ အန္း ကြာရင္းရဲ႕ မိသားစုကိုလည္း ေဆး႐ုံဆီ ေခၚလာၿပီး အေလာင္းမွန္မမွန္ အတည္ျပဳခဲ့တယ္လို႔ ဆမ္ဘီလန္ျပည္နယ္ ရဲခ်ဳပ္က ေျပာပါတယ္။ ၾသဂုတ္ ၁၄ ရက္မနက္မွာ ရင္ခြဲစစ္ေဆးမယ္လို႔ သူက ဆက္ေျပာပါတယ္။ မိန္းကေလးရဲ႕ အေလာင္းကို အပန္းေျဖစခန္းကေန ၁ ဒသမ ၆ မိုင္ အေဝးက စမ္းေခ်ာင္းနားမွာ ေတြ႕ခဲ့တာပါ။ အေလာင္းကို ရဟတ္ယာဥ္နဲ႔တင္ၿပီး အနားက ေဆး႐ုံဆီ ပို႔ခဲ့တယ္လို႔ ရဲက ေျပာပါတယ္။ ကြာရင္းဟာ သူ႔မိသားစုနဲ႔အတူ ကြာလာလမ္ပူ ၿမိဳ႕ေတာ္ကေန ၄၄ မိုင္ေဝးတဲ့ ေဆရမ္ဘန္ၿမိဳ႕က မိုးသစ္ေတာ အပန္းေျဖစခန္းကို ေရာက္လာအၿပီး ၾသဂုတ္ ၄ ရက္မွာ ေပ်ာက္ဆုံးေနေၾကာင္း သက္ဆိုင္ရာကို တိုင္ၾကားခဲ့တာ ျဖစ္ပါတယ္။
2 years Ago
Up