အိုင်းရစ်ရှ်ကမ်းလွန်မှာ အောက်တိုဘာလ ၂၀ ရက်က လှိုင်းလုံးကြီးတွေထဲ လူးနေတဲ့ တန်ချိန် ၄၀၀၀ တဲ့ ကုန်သင်္ဘောပေါ်က သင်္ဘောသား တစုကို တော်ဝင်အမျိုးသားကယ်ဆယ်ရေး အဖွဲ့ က စွန့်စွန့်စားစား ကယ်တင်ခဲ့ပါတယ်။
ပေ ၂၀ နီးပါးမြင့်တဲ့ လှိုင်းလုံးကြားထဲမှာ ကျောက်မီးသွေးတင် ကုန်သင်္ဘောကြီးကို ခက်ခက်ခဲခဲ ကယ်တင်ရတာပါ။
အဲဒီကုန်သင်္ဘောကြီးဟာ ဓာတ်အားဆုံးရှုံးပြီး ကျောက်ဆောင်တွေအနီးကို မျောနေတာပါ။
ဒါကြောင့် ကယ်ဆယ်ရေးသင်္ဘောက အသက်ကယ်လှေ ၃ စီး လွှတ်ပြီး သင်္ဘောသား ကယ်ဆယ်ရေး အမြန်လုပ်ခဲ့ရတာပါ။
ကယ်ဆယ်ရေးလုပ်နေချိန်မှာ ကုန်သင်္ဘောပေါ်မှာ သင်္ဘောသား ၉ ယောက် ရှိနေပြီး ကယ်ဆယ်ရေးဟာ ၁၂ နာရီကျော် ကြာမြင့်ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago