အိုင်းယတ်အသင်

December 5, 2020

ဘာစီလိုနာနှင့် မန်စီတီးတို့၏ပစ်မှတ် တက်ဂလီရာဖီကို အိုင်းယတ်အသင်းနှင့် သက်တမ်းတိုး

ဘာစီလိုနာနဲ့ မန်စီတီအသင်းတို့ရဲ့ပစ်မှတ် နီကိုးလပ်စ် တက်ဂလီရာဖီကိုဟာ အိုင်းယတ်အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ်ဘယ်နောက်ခံလူရဲ့ အိုင်းယတ်နဲ့ ကနဦးစာချုပ်ဟ ၂၀၂၂ ခုနှစ် ကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးခဲ့တာကြောင့် ကစားသမားဟာ အိုင်းယတ်မှာ နောက်တစ်ရာသီကြာဆက်ရှိသွားတော့မှာ ဖြစ်ပါတယ်။  ဒါပေမယ့် ဒေးလီးမေးလ်သတင်းမှာတော့ ကစားသမားနဲ့စာချုပ်အသစ်မှာ ဥရောပထိပ်သီးအသင်းကြီး တစ်သင်းကသာ စိတ်ဝင်စားမယ်ဆိုရင် ကစားသမားကို ထွက်ခွာခွင့်ပြုရမယ်ဆိုတဲ့ အချက်ပါဝင်တယ်လို့  ဖော်ပြပါတယ်။ အာဂျင်တီးနားလက်ရွေးစင်နောက်ခံလူဟာ မန်ချက်စတာယူနိုက်တက်၊ အင်တာမီလန်၊ အက်သလက်တီကို၊ ချဲလ်ဆီး၊ ဘာစီလိုနာနဲ့ မန်စီတီးအပါအဝင် ဥရောပကလပ်ပေါင်းများစွာရဲ့ စိတ်ဝင်စားမှုကိုရရှိထားသူပါ။  အခုချဲလ်ဆီးကိုရောက်ရှိနေတဲ့ ဟာကမ်ဇီယက်ချ်ဟာလည်း ချဲလ်ဆီးကို မပြောင်းခင် အိုင်းယတ်မှာ အခုလိုပုံစံမျိုးစာ ချုပ်ချုပ်ဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။  ဆီမြွန်နီရဲ့ အက်သလက်တီကိုအသင်းဟာ တက်ဂလီရာဖီကို စိတ်ဝင်စားနေတယ်လို့ အခုနှစ်အစောပိုင်းမှာသတင်းထွက်ပေါ်ခဲ့တာပါ။  ဒီကစားသမားဟာ ၂၀၁၇ ခုနှစ်မှာ နိုင်ငံ့လက်ရွေး စင်အသင်းအတွက် စတင်ပွဲထွက်ခွင့်ရရှိခဲ့ပြီး ၂၇ ပွဲကစားခွင့်ရရှိထားကာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင် တီးနားအသင်းအတွက် ၄ ပွဲစလုံးကို ပွဲချိန်ပြည့်ကစားခွင့်ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွေထဲမှာ မန်စီတီးအသင်းဘက်က ဒီကစားသမားကို စိတ်ဝင်စားမှု ပြန်လည်မြင့်တက်လာခဲ့ပြီး ချဲလ်ဆီးအသင်းကတော့ ဘန်ချီဝဲလ်ကို ခေါ်ယူခဲ့ပြီးဖြစ်တာကြောင့် ခေါ်ယူဖို့ စိတ်ဝင်စားမှု  လျော့ကျခဲ့ပါတယ်။  တက်ဂလီရာဖီကိုဟာ ၂၀၁၈ ခုနှစ်မှာမှ အာဂျင်တီးနားကလပ် အင်ဒီပန်းဒီးယန့်အသင်းက နေအိုင်းယတ်အသင်းကို ရောက်ရှိလာသူဖြစ်ပြီး အသင်းကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ထိရောက်ရှိအောင် ကူညီပေးနိုင်ခဲ့သူဖြစ်ပါတယ်။
4 months Ago
Up