အိုင်ဝိုဂျိမားတိုက်ပွဲ

February 18, 2020

ဒုတိယကမ္ဘာစစ်အတွင်း သွေးမြေကျမှု အများဆုံး အိုင်ဝိုဂျီးမားတိုက်ပွဲ ၇၅ နှစ်ပြည့်

ဒုတိယကမ္ဘာစစ်အတွင်း သွေးမြေကျမှု အများဆုံး တိုက်ပွဲတွေထဲက တခုဖြစ်တဲ့ အိုင်ဝိုဂျီးမား တိုက်ပွဲ ဖြစ်ပွားခဲ့တာ ၂၀၂၀ ဖေဖော်ဝါရီလထဲမှာ ၇၅ နှစ် ကြာခဲ့ပါပြီ။ ဂျပန်ကျွန်းငယ်လေး အိုင်ဝိုဂျီးမားမှာ ဖြစ်ခဲ့တဲ့ ၃၆ ရက်ကြာ တိုက်ပွဲအတွင်း အမေရိကန် ကမ်းတက်စစ်သည် ၇၀၀၀ နီးပါးနဲ့ ဂျပန်စစ်သား အယောက် ၂၁၀၀၀ လောက် သေဆုံးခဲ့ပါတယ်။ တိုကျိုမြို့နဲ့ ဂူအမ်ကြား လမ်းခုလတ်မှာ ရှိတဲ့ ဒီကျွန်းဟာ ဗျူဟာမြောက် တပ်စခန်းနေရာအဖြစ် သတ်မှတ်ထားတာပါ။  ဂျပန် ၃ ပုံ၂ ပုံလောက်ပါတဲ့ စစ်သည် ၃၀၀၀၀ လောက်သေဆုံးခဲ့တဲ့ ဒီတိုက်ပွဲအတွင်း ဂျပန် စစ်တပ်ဟာ ကျွန်းရဲ့ အမြင့်ဆုံးနေရာ ဆူရိဘာ့ချိ တောင်ပေါ်မှာ အမိန့်ပေးစခန်း ထားရှိရင်း ဥမင်တွေ ဂူတွေကို သုံးပြီး ခုခံခဲ့တာပါ။ ဒီကျွန်းကို ၁၉၆၈ မှာ အမေရိကန်ဆီကနေ ဂျပန်က ပြန်ယူအုပ်ချုပ်ခဲ့ပါတယ်။  အဲဒီမှာ ဂျပန် ရေတပ်နဲ့ လေတပ်က အရာရှိ အယောက် ၄၀၀ လောက် အခြေချနေထိုင်ပါတယ်။ လေယာဉ်ပြေးလမ်းကိုတော့ ဂျပန်အခြေစိုက် အမေရိကန် လေယာဉ်တင်သင်္ဘောပေါ်က လေယာဉ်တွေ ညဘက် လေယာဉ်ဆင်းသက်မှု လေ့ကျင့်ရာမှာ အသုံးပြုပါတယ်။
1 year Ago
Up