အိုင်ယာလန်နိုင်ငံ၊ ဒွန်နီဂယ်လ်ဒေသရှိ ဓာတ်ဆီဆိုင်တဆိုင်မှာ အောက်တိုဘာ ၇ ရက်က ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁ ယောက်နဲ့ ဆယ်ကျော်သက် ၂ ယောက်အပါအဝင် သေဆုံးသူ ၁၀ ယောက်အထိ မြင့်တက်လာခဲ့တယ်လို့ အိုယာလန်ရဲတပ်ဖွဲ့က ပြောပါတယ်။
ရှာဖွေရေးနဲ့ ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုတွေကို ဆက်လက်လုပ်ဆောင်နေကြောင်းလည်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၈ ရက်မှာ ပြောကြားပါတယ်။
ပေါက်ကွဲမှုဟာ ခရီးစ်လို့ဖှ်ရွာရဲ့ အစွန်အဖျားရှိ Applegreen ဓာတ်ဆီဆိုင်မှာ ဒေသစံတော်ချိန် ညနေ ၃ နာရီလောက်မှာ ဖြစ်ခဲ့တာပါ။
နောက်ထပ် လူ ၈ ယောက်လောက်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပေမဲ့ ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။