အိုင်ဗရိကို့စ်

July 9, 2020

အိုင်ဗရိကို့စ်ဝန်ကြီးချုပ် ကွယ်လွန်

လာမယ့် သမ္မတရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အိုင်ဗရီကို့စ်နိုင်ငံဝန်ကြီးချုပ် အသက်  ၆၁ နှစ်အရွယ် အမန်ဒူဂွန် ကူလာဘာလေဟာ  ဇူလိုင်  ၈  ရက်က ကွယ်လွန်ခဲ့ပါတယ်။   အိုင်ဗရီကို့စ်ဝန်ကြီးချုပ် ဂွန်ကူလာဘာလေဟာ ၂၀၁၂ တုန်းက ပြင်သစ်နိုင်ငံမှာ  နှလုံးစစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၆ ရက်နေ့မှာ ပြင်သစ်က ပြန်လာခဲ့ပြီး  ဇူလိုင်လ ၇ ရက်မှာ မကျန်းမမာ ဖြစ်ခဲ့ပါတယ်။   အဲဒီနောက် သူ့ကို ဆေးရုံတင်ခဲ့ပြီး ဇူလိုင်လ ၈ ရက်မှာ ကွယ်လွန်ခဲ့တယ်လို့  သမ္မတ  အူအက်ထာလာက ပြောဆိုပါတယ်။   ဂွန်ကူလာဘာလေ သေဆုံးမှုဟာ  လာမယ့်အောက်တိုဘာ သမ္မတရွေးကောက်ပွဲမှာ သူ့နေရာ အစားထိုးမယ့်   ကိုယ်စားလှယ်လောင်း ရှာဖို့  အာဏာရ  RHDP ပါတီအတွင်း  အမြန်လုပ်ရဖွယ် ရှိပါတယ်။   ကမ္ဘာ့ထိပ်တန်း ကိုကာစိုက်ပျိုးတဲ့  အိုင်ဗရီကို့စ်ရဲ့ နိုင်ငံရေး တည်ငြိမ်မှုကို စစ်ဆေးတဲ့ပွဲလို့ အတော်များများ ယူဆထားတဲ့ ရွေးကောက်ပွဲမှာ ဂွန်ကူလာဘာနေရာ အစားထိုးမယ့် လူက ရှင်းရှင်း လင်းလင်း  မရှိသေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။  
1 year Ago
Up