အိုင်ဖုန်း 11 Pro

February 29, 2020

အိုင်ဖုန်း 11 Pro ဖြင့် ရိုက်ကူးထားသည့် လေဒီဂါဂါသီချင်းသစ်- Stupid Love(ရုပ်သံ)

သီချင်းသစ်တွေ အမ်တီဗွီတွေ ထွက်ရှိလာတိုင်းမှာ အလန်းစား၊အကြမ်းစား ရိုက်ချက်တွေနဲ့ ဆန်းဆန်းပြားပြား ဖျော်ဖြေတင်ဆက်လေ့ရှိတဲ့ အဆိုတော် လေဒီဂါဂါရဲ့ သီချင်းသစ်တပုဒ်ကို စတင် ဖြန့်ချိလိုက်ပါတယ်။ Stupid Love လို့ အမည်ရတဲ့ ဒီသီချင်းဟာ သူ့ရဲ့ ၆ ချပ်မြောက် ထွက်ရှိလာမယ့် တေးအယ်လ်ဘမ်ထဲမှာ ပါဝင်တဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။ ဒီသီချင်းထဲမှာတော့ ပန်းရောင်တောက်တောက်ပပ ဝတ်စုံနဲ့အတူ အကအလှတွေ ကြားမှာ သူ့ရဲ့ ထုံးစံအတိုင်း မြူးမြူးကြွကြွ ရှုစားကြရမှာဖြစ်ပြီး ဒါက ပိုပြီးတော့ သနား ကြင်နာတတ်တဲ့ ကိုယ်ချင်းစာတရားရှိတဲ့ ကမ္ဘာဖြစ်လာစေဖို့ ဦးတည်နေခဲ့တယ်လို့ အမေရိကန်ဖျော်ဖြေရေးမဂ္ဂဇင်းတစောင်ဖြစ်တဲ့ ရိုးလင်းစတုန်းမှာ ဖော်ပြပါတယ်။ သီချင်းအစပိုင်းမှာတော့ ပဋိပက္ခနဲ့ တိုက်ခိုက်မှုတွေနဲ့ စတင်ထားခဲ့ပြီး သိပ်မကြာခင်မှာပဲ မြန်ဆန်တဲ့ စည်းချက်နဲ့အတူ ကကွက်တွေအဖြစ် ပြောင်းလဲသွားခဲ့တဲ့ ဒီသီချင်းထဲမှာ “ငါအမြဲတမ်းလိုချင်နေခဲ့တာ ချစ်ခြင်းမေတ္တာပဲ”ဆိုတဲ့ တေးစာသားတွေနဲ့အတူ ခံ စားနားဆင်ကြရမှာ ဖြစ်ပါတယ်။ ထူးခြားတာကတော့ ဒီသီချင်းတပုဒ်လုံးကို အိုင်ဖုန်း 11 Pro တလုံးတည်းနဲ့ ရိုက် ကူးထားခဲ့တာလို့ ဆိုပါတယ်။ အဆိုတော်၊ တေးရေးဆရာ၊ သရုပ်ဆောင်မင်းသမီး၊ ထုတ်လုပ်သူ၊ စီးပွားရေးလုပ် ငန်းရှင်တဦးအနေနဲ့ အောင်မြင်နေခဲ့သူ လေဒီဂါဂါဟာ အသက် ၃၃ နှစ်အရွယ် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ငယ်ဘဝဖြတ်သန်းမှုတွေက ခက်ခဲခဲ့တဲ့ အချိန်တွေ ရှိခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၀၈ ခု နှစ်က ထွက်ရှိခဲ့တဲ့ Fame တေးအယ်လ်ဘမ်နဲ့အတူ ပရိသတ်တွေ လက်ခံအားပေးမှုနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိခဲ့တာပါ။ လက်ရှိမှာတော့ ကမ္ဘာတလွှား ထင်ရှားတဲ့ သီချင်းတွေနဲ့အတူ ဂရမ်မီဆုတွေ အပါအဝင် တေးဂီတထူးချွန်ဆုတွေလည်း အများကြီး ရရှိထားပါတယ်။ နောက်ထပ် ထင်ရှားတာတွေထဲမှာတော့ လေဒီဂါဂါဟာ စိတ်ကျန်းမာရေး ဝေဒနာ သည်တွေနဲ့ LGBT တွေ အခွင့်အရေးအတွက်လည်း တက်တက်ကြွကြွပါဝင်လေ့ရှိတဲ့ အနု ပညာရှင်တယောက် ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သရုပ်ဆောင်မင်းသမီးတဦးအဖြစ်ပါ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဂီတဒရာမာရုပ်ရှင် A Star Is Born ရုပ်ရှင်နဲ့ သူ့ရဲ့ အနုပညာစွမ်းကို ထပ်မံပြသနိုင်ခဲ့ပါတယ်။ အဲဒီရုပ်ရှင်ကားထဲမှာတော့ သရုပ်ဆောင်မင်းသား ဘရက်ဒ်လေကူးပါးက ဒါရိုက် တာအနေနဲ့ရော သရုပ်ဆောင်အနေနဲ့ပါ တွဲဖက်ပါဝင်ထားတာဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ကားနဲ့ လေဒီဂါဂါဟာ အကောင်းဆုံးရုပ်ရှင်ဇာတ်ဝင်တေး ရွှေကမ္ဘာလုံး ဆုအပါအဝင် တခြားထူးချွန်ဆုတွေနဲ့အတူ ဆန်ကာတင်စာရင်းတွေမှာ ပါဝင်ခဲ့ပြီး A Star Is Born ဟာ အအောင်မြင်ဆုံး ရုပ်ရှင်ကားတကားလည်း ဖြစ်ခဲ့တာပါ။ လတ်တလောထွက်ရှိလာတဲ့ Stupid Love သီချင်းရုပ်သံဟာလည်း သီချင်းသစ်မ ထွက်တာ နည်းနည်းလေးကြာနေပြီဖြစ်တဲ့ လေဒီဂါဂါရဲ့ ပရိသတ်တွေကို ကျေနပ်နိုင်စေ မှာ ဖြစ်ပါတယ်။ ယူကျုဘ်ပေါ်မှာတော့ ဒီသီချင်းရုပ်သံကို နာရီပိုင်းအတွင်း ၂ သန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
1 year Ago
Up