အိုင်ဒါဟာရီကိန်းမုန်တိုင်း

August 31, 2021

လူဝီစီယားနားပြည်နယ်တွင် အိုင်ဒါဟာရီကိန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လျှပ်စစ်မီးများပြတ်

ဟာရီကိန်းမုန်တိုင်း အိုင်ဒါဟာ မက္ကဆီကိုပင်လယ်ကွေ့ကနေ ကမ်းခြေကို ဖြတ်သန်း တိုက်ခတ်အပြီး အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ်ကို ထောင်းထောင်းကြေ တိုက်ခတ်သွားပါတယ်။

နယူးအော်လင်းစ်ပြည်နယ်မှာ လှိုင်းကြီး မိုးကြီးခဲ့တာကြောင့် ကျယ်ပြန့်တဲ့ ဧရိယာတလွှား ရေကြီးခဲ့ပြီး လေပြင်းတွေကြောင့် သစ်ပင်တွေ၊ လျှပ်စစ်ဓာတ်အားလိုင်းတွေ လဲပြိုကျခဲ့ကာ လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေပါတယ်။ 

အိုင်ဒါမုန်တိုင်းဟာ သြဂုတ် ၃၀ မှာတော့ နိုင်ငံအနောက်တောင်ပိုင်း မစ္စစ္စပီပြည်နယ်ကို ဖြတ်သန်းအပြီး အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့သွားခဲ့တယ်လို့ အမေရိကန် အမျိုးသား ဟာရီကိန်းဌာနက ပြောပါတယ်။

ဒါပေမဲ့ မိုးသဲကြီးမဲကြီး ဆက်ရွာလို့ လူသေတဲ့အထိ ရေကြီးနိုင်တယ်လို့လည်း ဆိုပါတယ်။

အိုင်ဒါ မုန်တိုင်းဟာ အမေရိကန်ကို ဒီနှစ်အတွက် ဝင်တဲ့ ပထမဆုံး အကြီးစားဟာရီကိန်း မုန်တိုင်းပါ။ ဩဂုတ် ၂၉ ရက် မွန်းလွဲပိုင်းက အဆင့် ၄ ဟာရီကိန်းမုန်တိုင်းအဖြစ် ပို့ထ်ဖောချုံ ဆိပ်ကမ်းနားကနေ ကုန်းတွင်းပိုင်းကို ၁ နာရီ လေတိုက်နှုန်း မိုင် ၁၅၀ နဲ့ ဝင်ရောက် တိုက်ခတ်သွားပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ လူဝီစီယားနားပြည်နယ်အတွင်း အကြီးစား ကပ်ဘေးအဖြစ် ကြေညာခဲ့ပါတယ်။

မုန်တိုင်းသင့်ဒေသ နှစ်ဒါဇင်ကျော်မှာ ပြန်လည်နာလန်ထူရေး အားထုတ်မှု တိုးမြှင့်ရာမှာ ပြည်ထောင်စုအကူအညီတွေ ထုတ်ပေးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

3 months Ago
Up