အိုင်ကြီးကျေးရွာ

August 20, 2021

ပုသိမ်ကြီးမြို့နယ် အိုင်ကြီးကျေးရွာထိပ် လက်လုပ်မိုင်းပေါက်ကွဲ

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် အိုင်ကြီးကျေးရွာထိပ် ဆည်ပေးမြောင်းဘောင်မှာ ဩဂုတ်လ ၁၉ ရက် ညနေ ၅ နာရီခွဲကျော်လောက်က လက်လုပ်မိုင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

အဲ့ဒီပေါက်ကွဲမှုကြောင့် အနီးအနားက လူ ၁ ဦး မစိုးရိမ်ရတဲ့ ပွန်းပဲ့ဒဏ်ရာရခဲ့ပြီး ပျက်စီးဆုံးရှုံးတာ မရှိဘူးလို့ သိရပါတယ်။

ပုသိမ်ကြီးမြို့နယ်နေ ဒေသခံတစ်ဦးက “ပေါက်ကွဲမှုဖြစ်တာက ရွာထိပ် မြောင်းဘောင်နားမှာ။ ဒီနေ့မှာ မနက်ကတည်းက စစ်ကား ၆ စီးလောက်နဲ့ ကုလားကြီးခြံတို့ အနီးအနားရွာတွေမှာ ပတ်နေတာတော့ရှိတယ်။ တခြားဘာမှတော့ ကြားမိတာမရှိဘူး” လို့ ပြောပါတယ်။

လက်လုပ်မိုင်းပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေ ရောက်လာကြတယ်လို့ သိရပါတယ်။

4 months Ago
Up