ရုပ်ရှင် ဇာတ်ကား အိုင်းရွန်းမန်းထဲက အိုင်းရွန်းမန်း ၀တ်ဆင်တဲ့ ၀တ်စုံကို ဖန်တီးပြီး ပြသခဲ့ပါတယ်။
ဒီဝတ်စုံဟာ ၉ လက်မခွဲမြင့်ပြီး ၉၅ ပေါင်လေးကာ အိုင်းရွန်းမန်း နောက်ဆုံး ဇာတ်ကားမှာ ၀တ်ဆင်ခဲ့တဲ့ ၀တ်စုံဖြစ်ပါတယ်။
ဝတ်စုံကို သောမတ် ဒီပတ်ထရီလိုက ၁၆ နာရီကြာ ဖန်တီးခဲ့သလို ဒေါ်လာ ၆ သောင်းနီးပါး ကုန်ကျခဲ့ပါတယ်။ ကုန်ကျစရိတ်မှာ သူတို့ လုပ်အားကို ထည့်တွက် ထားခြင်း မရှိပါဘူး။
အရင် သီတင်းပတ် နယူးယောက်မှာ ကျင်းပသွားတဲ့ ComicConမှာ လူကြိုက်များခဲ့ပြီး အကောင်းဆုံး ပြသနိုင်တဲ့ အရာတခု အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။
5 years Ago