အိုင်အက်စ် စစ်သွေးကြွ

February 5, 2017

အိုင်အက်စ် စစ်သွေးကြွ အယောက် ၅၀ သုတ်သင်နိုင်ခဲ့ဟု တူရကီစစ်တပ်ထုတ်ပြန်

ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ အိုင်အက်စ် အကြမ်းဖက်စစ်ရေးပစ်မှတ် ၆၀ နီးပါးကို တူရကီလေတပ်က တိုက်ခိုက်ခဲ့ပြီး အိုင်အက်စ်စစ်သွေးကြွအယောက် ၅၀ ကျော်ကို သုတ် သင်နိုင်ခဲ့တယ်လို့ တူရကီစစ်တပ်က စနေနေ့က ထုတ်ပြန်ပါတယ်။ အဲဒီ အိုင်အက်စ်အကြမ်းဖက် ၅၀ ကျော်ထဲက ၄ ယောက်ဟာ အိုင်အက်စ်အကြမ်းဖက် ဒေသခံစစ်ခေါင်းဆောင် တွေဖြစ်တယ်လို့လည်း တူရကီစစ်တပ်ကဆိုပါတယ်။ လေကြောင်းစစ်ဆင်ရေးအတွင်း အိုင်အက်စ်အကြမ်းဖက် စစ်ကွပ်ကွဲရေးဌာန ၃ ခုနဲ့ အဆောက်အဦး ၅၆ လုံးကိုလည်း ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း တူရကီစစ်တပ်က ပြောဆိုပါတယ်။ အဲဒီဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာပဲ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေလည်း အိုင်အက်စ် အကြမ်းဖက် စစ်ရေးပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်လုပ်ခဲ့ပြီး စစ်သွေးကြွတွေရဲ့ တိုက်ခိုက်ရေးယာဉ် ၂ စီးကို ပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ ပြောဆိုပါတယ်။ ဆီးရီးယားမြောက်ပိုင်းမှာ တူရကီစစ်တပ်က အိုင်အက်စ်အကြမ်းဖက် စစ်ဆင်ရေးစတင်ခဲ့တာ ၅ လကျော်လာပြီဖြစ်ပြီး တူရကီနယ်စပ်နဲ့ အလစ်ပိုမြို့ကြားမှာ တည်ရှိတဲ့ Al-Bab မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးဟာ တူရကီစစ်တပ်ရဲ့ စစ်ဆင်ရေး ရည်မှန်းချက်တခုဖြစ်ပါတယ်။
4 years Ago
Up