အိုင်အက်စ်နှင့် ဆက်သွယ်သည်ဟု စွပ်စွဲခံထားရသည့် ပါကစ္စတန်နိုင်ငံသားကို စပိန်ရဲ ဖမ်းဆီး

September 20, 2017

အိုင်အက်စ်နှင့် ဆက်သွယ်သည်ဟု စွပ်စွဲခံထားရသည့် ပါကစ္စတန်နိုင်ငံသားကို စပိန်ရဲ ဖမ်းဆီး

အစ္စလာမ္မစ်နိုင်ငံအမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ အဆက်အသွယ်ရှိတယ်လို့ စွပ်စွဲခံထားရတဲ့ ပါကစ္စတန်နိုင်ငံသားတဦးကို စပိန်ရဲတွေက စက်တင်ဘာ ၁၉ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် အမျိုးသားဟာ ၂၀၁၆ ဇွန်လက လေရီဒါမြို့မှာဖမ်းမိတဲ့ ပါကစ္စတန် ညီအစ်ကို ၃ ယောက်အုပ်စုနဲ့ ပတ်သက်တယ်လို့ သံသယရှိခံထားရတာပါ။ သူတို့ဟာ လူမှုကွန်ရက်တွေပေါ်ကတဆင့် ဘာသာရေးစစ်ဝါဒီ သဘောတရားတွေကို ဖြန့်ခဲ့တယ်လို့ ရဲက ကြေညာချက်ထုတ်ပြန်ပါတယ်။ ကာတာလန်ဒေသ လေရီဒါမြို့မှာ ဖမ်းမိတဲ့ အမျိုးသားက အကြမ်းဖက် ဘာသာရေးစစ်ပွဲမှာ သူကိုယ်တိုင် အယူဝါဒတွေကို စွဲလမ်း လက်ခံလာခဲ့ပုံရတယ်လို့ ယုံကြည်နေကြပါတယ်။ ၂၀၁၅ ခုနှစ်က ဒုတိယအမြင့်ဆုံး လုံခြုံရေး တပ်လှန့်သတိပေးချက် ထုတ်ပြန်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ စပိန်ရဲတွေဟာ စစ်သွေးကြွအုပ်စုတွေနဲ့ ပတ်သက်မှုတွေအတွက် နိုင်ငံတလွှား လူအယောက် ၂၀၀ လောက်ကို ဖမ်းခဲ့ပြီး ဖြစ်ပါတယ်။
4 years Ago
Up