အိုင်အက်စ်ဗုံးဖောက်ခွဲမှုကြောင့် ပိတ်ထားခဲ့ရသည့် ဘရပ်ဆဲလ်လေဆိပ်ပြန်ဖွင့်

A d v e r t i s e m e n t With Us

April 10, 2017

အိုင်အက်စ်ဗုံးဖောက်ခွဲမှု ၂ ခုအပြီး အီဂျစ်တနိုင်ငံလုံးကို အရေးပေါ်အခြေအနေ ကြေညာ

အီဂျစ်နိုင်ငံမှာ ဧပြီ ၉ ရက်နေ့ကဖြစ်ခဲ့တဲ့ ပြင်းထန်တဲ့ ဗုံးပေါက်ကွဲမှု ၂ ခုကြောင့် အီဂျစ်တနိုင်ငံလုံးကို ၃ လကြာ အရေးပေါ်အခြေအနေအဖြစ် အီဂျစ်သမ္မတ အဗ္ဗဒူဖာတာ အယ်လ်စီစီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ခေါ့ပ်တစ်ဘုရားကျောင်း ၂ ခုတွင်း ဗုံးပေါက်ကွဲမှုတွေကြောင့် အနည်းဆုံး လူပေါင်း ၄၂ ဦး သေဆုံးခဲ့ပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ အီစတာပွဲမတိုင်မီ တနင်္ဂနွေနေ့မှာကျင်းပတဲ့ ဘာသာရေး အထိမ်းအမှတ်ပွဲတော်နေ့မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒီပေါက်ကွဲမှုတွေဟာ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ရဲ့လက်ချက် ဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ နိုင်ငံပိုင်ရုပ်မြင်သံကြားဌာနက ထုတ်လွှင့်တဲ့ သမ္မတ စီစီရဲ့ မိန့်ခွန်းမှာတော့ နိုင်ငံတွင်း စည်းလုံးညီညွတ်မှုရှိကြဖို့ တိုက်တွန်းပြောဆိုခဲ့ပြီး မီဒီယာတွေကိုလည်း အန္တရာယ်ရှိတဲ့ သတင်းမျိုးတွေ၊ လှုံ့ဆော်မှုမျိုးတွေကို ရှောင်ရှားကြဖို့ ပြောဆိုခဲ့ပါတယ်။ လူနည်းစုဖြစ်တဲ့ ခရစ်ယာန်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အိုင်အက်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေဟာ အစွန်းရောက်ဝါဒကို ဆန့်ကျင်မယ်လို့ မဲဆွယ်စည်းရုံးပွဲမှာ ကတိပေးခဲ့တဲ့ သမ္မတ စီစီအတွက် စိန်ခေါ်မှုတခု ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago

April 3, 2016

အိုင်အက်စ်ဗုံးဖောက်ခွဲမှုကြောင့် ပိတ်ထားခဲ့ရသည့် ဘရပ်ဆဲလ်လေဆိပ်ပြန်ဖွင့်

အိုင်အက်စ်အကြမ်းဖက်သမားတွေရဲ့ အသေခံဗုံးဖောက်ခွဲမှုကြောင့် ၁၂ ရက်ကြာ ပိတ်ထားခဲ့ရတဲ့ ဘယ်လ်ဂျီယမ်နိုင်ငံမြို့တော်၊ ဘရပ်ဆဲလ်လေဆိပ်ကို ဒီနေ့ပြန်ဖွင့်လိုက်ပြီလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ပြန်လည်ဖွင့်လှစ်ချိန်မှာ လေကြောင်းခရီးစဉ် ၃ ခုနဲ့စတင်မယ်လို့ လေဆိပ်အမှုဆောင် အရာရှိချုပ် အာနောက်ဒ်ဖိုက်စ်တ်က ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က လေဆိပ်တွင်းပြည်ပထွက်ခွာဆောင်အပါအ၀င် နေရာ ၂ နေရာမှာ အိုင်အက်စ်အကြမ်းဖက်သမားတွေရဲ့ အသေခံဗုံးဖောက်ခွဲမှုကြောင့် လေဆိပ်ကို ယာယီပိတ်ထားခဲ့ရတာပါ။ ဒီကနေ့ဖွင့်လှစ်လိုက်တဲ့ လေကြောင်းခရီးစဉ် ၃ ခုကတော့ အေသင်၊ တုရင်နဲ့ ဖယ်ရိုမြို့တွေဆီ သွားမယ့် ခရီးစဉ်တွေဖြစ်ပြီး နေ့လယ်ပိုင်းမှာ စတင်ထွက်ခွာမယ်လို့ ဆို ပါတယ်။ လေဆိပ်တွင်းနေရာ ၂ နေရာနဲ့ မြေအောက်ရထားဘူတာရုံတွေမှာ တနေ့တည်း ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးဖောက်ခွဲမှုတွေကြောင့် လူပေါင်း ၃၂ ဦး သေဆုံးခဲ့ကြတာပါ။ ဘရပ်ဆဲလ်လေဆိပ်ဟာ ဥရောပရဲ့ လေကြောင်းခရီးဆိုင်ရာ အဓိကဆုံချက်ဗဟို တခုဖြစ်ပြီး စတားအလိုင်းယဲန့်စ်လေကြောင်းလိုင်း အခြေစိုက်နေရာတခုလည်း ဖြစ်ပါတယ်။
5 years Ago
Up