အိုင်အက်စ်စစ်သွေးကြွများ၏

November 24, 2016

အိုင်အက်စ်စစ်သွေးကြွများ၏ နောက်ဆုံးခြေကုပ် လူနေဒေသအား စီးနင်းတိုက်ခိုက်

လစ်ဗျားစစ်တပ်ဟာ ဆာတီမြို့အတွင်း  အိုင်အက်စ်စစ်သွေးကြွတွေရဲ့ နောက်ဆုံး ခြေကုပ်ဖြစ်တဲ့ လူနေဒေသကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့က စီးနင်းခဲ့ပါတယ်။ အမေရိကန် လေကြောင်းတိုက်ခိုက်မှု ကျောထောက်နောက်ခံ မစ်ရာတာမြို့က တိုက်ခိုက်ရေးသမားတွေကိုပါ ရထားတဲ့ တပ်ဖွဲ့တွေက ဝိုင်းတိုက်ခဲ့လို့ စစ်သွေးကြွတွေဟာ စတုရန်းမီတာ ရာဂဏန်းသာ ရှိတဲ့ ဒေသမှာ ချောင်ပိတ်မိနေခဲ့တာပါ။ နိုဝင်ဘာ ၂၁ ရက်နေ့က စတဲ့ တိုက်ပွဲတွေအတွင်း သေဆုံးသူတွေထဲမှာ စစ်သွေးကြွ အယောက် ၃၀ ကျော်တယ်လို့ မစ်ရာတာတပ်ဖွဲ့က ပြောပါတယ်။ အီရတ်တပ်တွေက အသံချဲ့စက်ကို သုံးပြီး အမျိုးသမီးနဲ့ ကလေးတွေ ဒေသတွင်းက ထွက်ခွာဖို့နဲ့ ဘေးကင်းတဲ့ ထွက်ပေါက်ကို အာမခံကြောင်း အော်ပြောခဲ့ပါတယ်။ အရပ်သား အုပ်စု အတော်များများဟာ လတ်တလော သီတင်းပတ်တွေမှာ အိုင်အက်စ်တွေ တပ်စွဲထားတဲ့ ဒေသထဲကနေ ထွက်ပြေး လွတ်မြောက်ခဲ့တာပါ။ မြို့ထဲမှာ စစ်သွေးကြွနဲ့ အရပ်သား ဘယ်လောက် ကျန်ခဲ့တယ် ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဆာတီမြို့ထဲက အိုင်အက်စ်တွေကို အမေရိကန်က စနေနေ့အထိ လေကြောင်း တိုက်ခိုက်မှု ၃၉၈ ကြိမ် လုပ်ခဲ့ပြီးပြီလို့ အမေရိကန်ရဲ့ အာဖရိက စစ်တိုင်းက ကြေညာချက် ထုတ်ပြန်ပါတယ်။ အိုင်အက်စ်တွေဟာ မနှစ်က အစောပိုင်းက လစ်ဗျားရဲ့ လူထူတဲ့ အလယ်ပိုင်း ကမ်းရိုးတန်းတလျှောက် ဆာတီမြို့ကနေ နယ်ပယ်ချဲ့ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒေသခံ တပ်တွေက မေလမှာ တန်ပြန် တိုက်စစ်ဆင်ခဲ့တာပါ။ ဆာတီမြို့ကို ဆုံးရှုံးရင် အိုင်အက်စ်တွေအတွက် လစ်ဗျားမှာ နယ်မြေပိုင်နက် မရှိတော့ပါဘူး။ စစ်သွေးကြွ တချို့ကတော့ ထိုးစစ် အစောပိုင်းတည်းက ထွက်ပြေး လွတ်မြောက်ခဲ့ပြီလို့ ယုံကြည်ရပါတယ်။
6 years Ago
Up