အိုင်အက်စ်ကို ရုရှားရေငုပ်စစ်င်္ဘောက ဒုံးကျည်များဖြင့် ပစ်ခတ် (ရုပ်သံ)

December 9, 2015

အိုင်အက်စ်ကို ရုရှားရေငုပ်စစ်သင်္ဘောက ဒုံးကျည်များဖြင့် ပစ်ခတ် (ရုပ်သံ)

ရုရှားနိုင်ငံဟာ ဆီးရီးယားနိုင်ငံထဲက အိုင်အက်စ်တွေကို မယ်ဒီတာရေးနီးယန်း ပင်လယ်ထဲက ရေငုပ်သင်္ဘောပေါ်ကတဆင့် ပထမအကြိမ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ရုရှားစစ်သင်္ဘောတွေဟာ ကက်စ်ပီယန်ပင်လယ်နဲ့ မက်ဒီတာရေးနီးယန်းပင် လယ်ပြင်တွေကို အခြေပြုပြီး အိုင်အက်စ်တွေရဲ့တည်နေရာတွေကို တိုက်ခိုက်ခဲ့ကြတာပါ။ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂီရွှယ်ဂူက “ရက်ကွာဒေသက အဓိကအကြမ်း ဖက်သူတွေကို ပစ်မှတ်ထားခဲ့တာပါ” လို့ ပြောပါတယ်။ ရုရှားလေတပ်အနေနဲ့ ပြီးခဲ့တဲ့ ၃ ရက်တာအတွင်း အကြမ်းဖက်သမားတွေရဲ့ အဓိကပစ်မှတ် ၆၀၀ ထဲက ၃၀၀ ကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ သူကပြောပါတယ်။
6 years Ago
Up