အိုင်ဖုန်း

November 8, 2017

အိုင်ဖုန်းရဖို့ ညကလပ်တွင်း ဖော်ချွတ်ပြခဲ့သည့် ရုရှားဆရာမ ကောလိပ်မှအထုတ်ခံရ (ရုပ်သံ)

ရုရှားနိုင်ငံမှာ အသက် ၁၉ နှစ်အရွယ် အလုပ်သင်ဆရာမတဦးဟာ အိုင်ဖုန်းရဖို့ ညကလပ်တခုတွင်း ဖော်ချွတ်ပြခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင် ပျံ့နှံ့ခဲ့ပြီးနောက်မှာ ကောလိပ်မှ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ နိုင်ငံအလယ်ပိုင်း ချယ်လ်ယာဘင့်စ်ခေါ့ဘလတ်စ်ထ်ဒေသတွင်းမှ ထရွိက်စ်ခ်မြို့မှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ နိုဝင်ဘာ ၆ ရက်နေ့က ဖော်ပြပါတယ်။ အဲဒီမိန်းကလေးဟာ ကလပ်တွင်း အားပေးနေကြတဲ့ ပရိသတ်တွေကြားမှာ အပေါ်ပိုင်း အဝတ်တွေ ချွတ်ပြခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ဒါဟာ ကလပ်အတွင်း အမျိုးသားတွေရှေ့ စတိတ်စင်ပေါ်မှာ ဖော်ချွတ်ပြရင် နောက်ဆုံးထွက် အိုင်ဖုန်းရနိုင်မယ့် ပြိုင်ပွဲအသွင် ပြုလုပ်ချိန်မှာ သူက ပါဝင်ခဲ့တာပါ။ သူမဟာ အိုင်ဖုန်းကို အနိုင်ရခဲ့ပေမယ့် အဲဒီညမှာပဲ အိတ်ထဲက ပြန်ခိုးခံခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒါပေမယ့် ဒီလို ဖော်ချွတ်ပြခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ကတော့ အင်တာနက်စာမျက်နှာတွေပေါ် ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ ကောလိပ်ကနေ ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။ ယက်ဗ်ဂျင်ညာလို့ အမည်ရတဲ့ အဲဒီမိန်းကလေးက “ကျမတို့ အဲဒီညက သောက်စားပြီး ပျော်ရွှင်ခဲ့ကြပါတယ်။ အဲဒီနောက်မှာမှ ပြိုင်ပွဲက စခဲ့တာပါ။ အစပိုင်းက ယောက်ျားလေးတွေနဲ့ စခဲ့ပြီး နောက်မှ ကျမအလှည့် ရောက်ခဲ့တာပါ” လို့ ပြောပါတယ်။ သူဟာ လူတွေကြား စတိတ်စင်ပေါ်မှာ အတွင်းခံဘောင်းဘီနဲ့သာ ရပ်နေပြီး ရင်သားတွေကို လက်နဲ့ယှက် ဖုံးကာထားခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် ပြိုင်ပွဲစီစဉ်သူက လက်တွေကိုဖယ်ပြဖို့ တောင်းဆိုချိန် သူက အပေါ်ပိုင်း ဗလာကျင်းအခြေအနေနဲ့ ဖြစ်သွားခဲ့ချိန်မှာတော့ အောက်ကနေ စိတ်လှုပ်ရှားပြီး အော်ဟစ်အားပေးနေကြသံတွေကို ကြားရပါတယ်။ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ယက်ဗ်ဂျင်ညာရဲ့ မိခင်ဖြစ်သူ အယ်လီနာက “သူက ၁၅ နှစ်သမီးမှ မဟုတ်တော့တာ။ သူ့ကိုယ်ပိုင်ဦးနှောက်နဲ့ သူဘာလုပ်သင့်တယ်ဆိုတာကို တွေးသင့်တယ်” လို့ ပြောပါတယ်။
4 years Ago

October 18, 2017

အိုင်ဖုန်း ၈ အတွက် အပျိုစင်ဘဝပေးမည်ဟု ကြေညာခဲ့သည့် မိန်းကလေးအား ပညာပေး (ရုပ်သံ)

အိုင်ဖုန်း ၈ လိုချင်တဲ့အတွက် သူ့ရဲ့ အပျိုစင်ဘဝကို ပေးမယ်လို့ ကြေညာခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတဦးဟာ အကြံအစည် မအောင်မြင်ခဲ့ဘဲ ပညာပေးခံခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံမှာ ဖြစ်ခဲ့တာဖြစ်ပြီး ရှောင်ချန်အမည်ရတဲ့ မိန်းကလေးဟာ အွန်လိုင်း ဖိုရမ်တခုပေါ်ကနေ အိုင်ဖုန်း ၈ အတွက် အပျိုစင်ဘဝကို ပေါင် ၂၃၀၀ နဲ့ လဲမယ်လို့ ကြေညာထားခဲ့တာပါ။ ဘလော့ဂ်ဂါတဦးဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ် နန်နာဆိုတဲ့ အမျိုးသမီးတဦးက ဒါကို တွေ့သွားပြီးနောက်မှာ မိန်းကလေးကို နောက်ပြောင်ပညာပေးဖို့ စနစ်တကျ စီစဉ်ခဲ့တာပါ။ သူဟာ ရှောင်ချန်ကို ကော်ဖီဆိုင်တဆိုင်မှာ ချိန်းဆိုခဲ့ပြီး ကနဦး တွေ့ဆုံမေးမြန်းမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဘာလို့ ခုလိုလုပ်ချင်ရတာလဲဆိုတဲ့ မေးခွန်းကိုတော့ ရှောင်ချန်က “ကျမသူငယ်ချင်းတွေက အိုင်ဖုန်း ၈ ကိုင်နေကြပြီလေ။ ကျမက မဝယ်နိုင်ပါဘူး။ ကျမကြားခဲ့တာက ကျောင်းက တခြား မိန်းကလေးတယောက်က သူ့ရဲ့ အပျိုစင်ဘဝကို ရောင်းခဲ့တယ်။ ကျမလည်း ဒါကြောင့်မို့ ခုလိုလုပ်ဖို့ အကြံရခဲ့တာ” လို့ ဖြေခဲ့တာပါ။ ဒီနောက် နန်နာက ရှောင်ချန်ကို သူ့ရဲ့ သူငယ်ချင်းတယောက်က အတူအိပ်လိုကြောင်းပြောပြီး ပေါင် ၆၀ ကြိုတင်ပေးခဲ့တာပါ။ ဟိုတယ်အခန်းတွင်း ရောက်ချိန်မှာတော့ ရှောင်ချန်ဆီ အမျိုးသားအဖော်တဦးမကဘဲ ၃ ဦး ရောက်လာခဲ့ချိန်မှာတော့ အိပ်ယာပေါ်မှာ ရုန်းရင်းဆန်ခတ် အခြေအနေနဲ့ ထိတ်လန့်တကြား ဖြစ်ခဲ့ရပါတယ်။ ကင်မရာကိုင်ထားတဲ့ အမျိုးသား အပါအဝင် အမျိုးသားတွေနဲ့ အခန်းတွင်း ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်မှာ နန်နာ ရောက်လာခဲ့ပြီး ရပ်လိုက်ဖို့ အော်ဟစ်ပြောဆိုခဲ့တာကို တွေ့ရပါတယ်။ နန်နာက အိပ်ယာပေါ်မှာ ထိုင်ငိုနေတဲ့ ရှောင်ချန်ကို “အခု မင်းကြောက်နေပြီမလား” လို့ အော်ဟစ်မေးခဲ့ပြီး “ခုတော့ အရမ်းနောက်ကျသွားပြီ။ ဖုန်းတလုံးအတွက်နဲ့ ခုလိုရောင်းချဖို့ မထိုက်တန်ဘူး ဆိုတာကိုပေါ့" လို့ ဆက်ပြောခဲ့တာပါ။ အဲဒီနောက်တော့ အခန်းတွင်းက အမျိုးသားတွေကို အပြင်ထွက်သွားဖို့ ပြောခဲ့ပြီး ရှောင်ချန်ကို ပညာပေး ဆုံးမခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ နန်နာဟာ လူမှုကွန်ရက် စာမျက်နှာတွေပေါ်က လူသားတွေရဲ့ ဆိုးရွားတဲ့ အပြုအမူဆိုင်ရာ အခြေအနေတွေကို ချဉ်းကပ်ပညာပေးချင်လို့ ခုလိုဇာတ်လမ်းဆင်ခဲ့တာ ဖြစ်ပါတယ်။
4 years Ago
More News
Up