အိုင်စီအာစီ

A d v e r t i s e m e n t With Us

July 30, 2019

ဘူးသီး​တောင်​မြို့နယ်၌ တိုက်​ပွဲအကြား ပိတ်​မိ​နေသူ ၁၁ ဦးကို အိုင်စီအာစီ ကယ်​ထုတ်

ရခိုင်ပြည်နယ်၊ ဘူးသီး​တောင်​မြို့နယ်မှာ  တပ်​မ​တော်​နဲ့ အေ​အေတို့အကြား တိုက်​ပွဲတွေကြောင့် ကျေးရွာတွေမှာ ပိတ်​မိ​နေတဲ့ သက်ကြီးရွယ်အိုတွေအပါအ၀င် ရွာသား ၁၁ ဦးကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (အိုင်စီအာစီ)က ကယ်ထုတ်ခဲ့ရပါတယ်။ ဇူလိုင်​ ၂၉ ရက်​​ ​ နေ့လယ်ပိုင်းမှာ  မြို့နယ်​အ​​ထွေ​ထွေအုပ်​လျုပ်​​ရေးမှူးရဲ့ ခွင့်ပြုချက်​နဲ့ ကယ်​ထုတ်​လာနိုင်ခဲ့တာလို့  အိုင်စီအာစီအဖွဲ့ တာဝန်​ရှိသူ တဦးက ပြောပါတယ်။ “ဥယာဉ်​သာ​ကျေးရွာက ဆရာ​တော်​အပါအ၀င်​ အားလုံး ၁၁ ဦးပါ ​ သက်​ကြီးရွယ်​အို​တွေ ပါဝင်​ပါတယ်။ သရက်​ပြင်​​ကျေးရွာက တဦးကိုတော့ သရက်​ပြင်​​ကျေးရွာမှာ ချ​ပေးထားခဲ့ပါတယ်​” လို့​ပြောပါတယ်။ ကယ်​ထုတ်​နိုင်ခဲ့သူ ၁၁ ဦးကတော့ ဥယာဉ်​သာ​ကျေးရွာက ဥယာဉ်​သာဆရာ​တော်​ ဦးသုမန၊ ဦးစိန်​သာခိုင်​၊ ဦး​မောင်​​ကျော်​လှ၊ ဦး​မောင်​လူကြီး၊ ဦးဘတင်​၊ သျှရှား​တောင်​​ကျေးရွာက ဒေါ်ဦးလှညွှန့်​၊ စံဂိုး​ထောင်​​ကျေးရွာမှ ဦး​ကျော်​စိန်​၊ ဦး​စောလှ၊ ​ဒေါ်မနှစိန်​၊ ​ဒေါ်ဒါပွင့်​ဖြူ၊ နွားရုံတောင်​​ကျေးရွာက မျက်​မမြင်​အဘိုးအို ဦး​စောထွန်းဦး တို့ ဖြစ်ကြပါတယ်။ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို စစ်​တပ်​က ဥယာဉ်​သာရွာထဲ ၀င်​ခွင့်​မ​ပေးတဲ့အကြောင်းနဲ့ ​သျှရှား​တောင်​​ကျေးရွာက အသက်​ ၈၀ ကျော်​အရွယ်​ ဒေါ်အောင်​ဖြူကို ရှာဖွေမတွေ့ဘူး လို့ ရွာသူရွာသားတွေက ပြောပါတယ်။
2 years Ago

June 28, 2019

အိုင်စီအာစီ၏ အကူအညီပစ္စည်းတင်ယာဉ်တန်း မိုင်းခွဲ တိုက်ခိုက်ခံရ

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာစီ)ရဲ့ အကူအညီပစ္စည်းတွေကို ရန်ကုန်မှမောင်တော ပို့ဆောင်တဲ့ ကုန်တင်ယာဉ်တန်းကို အေအေက မိုင်းခွဲတိုက်ခိုက်ခဲ့ တာကြောင့် ကုန်ကားတစီးပျက်စီးသွားတယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက  ပြောပါတယ်။ “ကျောက်တော် မဟာမုနိလမ်းဆုံမှာ အိုင်စီအာစီက ယာဉ်တန်းတခုကို အေအေအဖွဲ့က ရီမု မိုင်းသုံးလုံးနဲ့ ဖောက်ခွဲပြီး တိုက်ခိုက်ခံရတယ်။ ပထမတော့ လေကာမှန်ကွဲတယ်။ နောက်ပြီး ကားဘော်ဒီမှာရော လက်နက်ငယ်တွေရော ထိမှန်ထားတယ်။ အဲ့ဒီနေရာကိုတော့ ကျနော်တို့ဆီက မိုင်းရှင်းလင်းရေးနဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေပါတယ်။ ပထမယာဉ်တစီးကတော့ ပျက်စီးသွားတယ်။” အိုင်စီအာစီအဖွဲ့က မောင်တောဒေသအတွက် ထောက်ပံ့ရေးပစ္စည်းတွေကို ရန်ကုန်မှ မောင်တောသို့ ပို့ဆောင်ဖို့  ကုန်ကား ၆ စီးနဲ့ တင်ဆောင်ထွက်ခွာလာရာ ဇွန် ၂၇ ရက် ည ၈ နာရီ ၂၅ မိနစ်မှာ ကျောက်တော်မြို့၊ မဟာမုနိဘုရားကြီးလမ်းဆုံ၊ ကျောက်ကြပ်ကျေးရွာအနီးသို့ အရောက်မှာ အေအေအဖွဲ့က ရီမုမိုင်း ၃ လုံးဖောက်ခွဲပြီး  လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။ ရက္ခိုင့်တပ်တော်အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက “ရခိုင်လူထုတရပ်လုံးကို ဒီလိုအကူညီပေးနေတဲ့အဖွဲ့ကို ကျနော်တို့က တိုက်ခိုက်တယ်လို့ ပြောတာကတော့ တော်တော်မရှက်မရှိ၊ သိက္ခာမရှိတဲစကားတွေဖြစ်တယ်။ ဒီလိုအောက်တန်းကျတဲ့ လုပ်ရပ်မျိုးကို ကျနော်တို့ အေအေ ရက္ခိုင့်တပ်တော်အနေနဲ့ ဘယ်တော့မှလုပ်မှာမဟုတ်ဘူး” လို့ ပြောပါတယ်။ ဇွန် ၂၇ ရက်ညက အကူအညီပစ္စည်းတင် ကုန်တင်ကားတိုက်ခိုက်ခံရတာ ဟုတ်မှန်ကြောင်း အိုင်စီအာစီကလည်း ဒီနေ့ညနေပိုင်းမှာ အတည်ပြု ထုတ်ပြန်ထားပါတယ်။ “ထိခိုက်ပျက်စီးခဲ့သည့် ကုန်တင်ကားသည် ICRC မှ အကူအညီပစ္စည်းများကိုသယ်ဆောင်၍ ရန်ကုန်မှ မောင်တောသို့ ဦးတည်သွားလာလျက်ရှိသည့် အငှားယာဉ်တန်းမှ တစီးဖြစ်သည်ကို အတည်ပြုပါသည်။ သို့ရာတွင် အဆိုပါယာဉ်မှာ ICRC အမှတ်အသားပါသည့် ယာဉ်တစီးမဟုတ်ပါ။ ထိခိုက်ပျက်စီးမှု အနည်းငယ်ရှိခဲ့ပြီး ယာဉ်မောင်းကို ထိခိုက်ခဲ့ခြင်းမရှိပါ။ ICRC ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးဝေနေခြင်းကို ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။”လို့ အိုင်စီအာစီ ထုတ်ပြန်ချက်မှာ ရေးသား ဖော်ပြထားပါတယ်။ သတင်း-၀ဏ္ဏခွာညို  
2 years Ago
More News
Up