အိုက်အက်စ်

May 15, 2020

ကဘူးလ်ဆေးရုံတိုက်ခိုက်မှု အိုက်အက်စ်လက်ချက်ဟု အမေရိကန်စွပ်စွဲ

အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးလ်ကဆေးရုံတခုကို တိုက်ခိုက်မှုဟာ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုက မေ ၁၅ ရက်မှာ ပြစ်တင်ဝေဖန်လိုက်ပါတယ်။  အမေရိကန်အထူးကိုယ်စားလှယ် ဇယ်မေခါလီဇတ်က ဒီဆေးရုံတိုက်ခိုက်မှုအပြင် နန်ဂါသာ ပြည်နယ်မှာ အသေခံဗုံးခွဲမှုကြောင့် လူအများအပြား သေဆုံးခဲ့တဲ့ကိစ္စကိုလည်း အိုင်အက်စ်တပ်ဖွဲ့ရဲ့ လက်ချက်လို့ အပြစ်တင်ထားပါတယ်။  သူက အိုင်အက်စ်အဖွဲ့ဟာ တာလီဘန်အဖွဲ့နဲ့ အမေရိကန်တို့ကြား ငြိမ်းချမ်းရေးသဘောတူ ညီချက်ကို ဆန့်ကျင်ပြီး အာဖဂန်မှာ အီရတ်ပုံစံ ဂိုဏ်းဂဏစစ်ပွဲဖြစ်အောင် လုပ်နေတယ်လို့ ဆိုပါတယ်။  တာလီဘန်အဖွဲ့ကလည်း ဒီတိုက်ခိုက်မှု နှစ်ခုစလုံးမှာ မပါဝင်ဘူးလို့ ငြင်းဆိုထားပေမဲ့  အာဖဂန်အစိုးရဘက်ကတော့ အခြားစစ်သွေးကြွအုပ်စုတွေနဲ့ ပူးပေါင်းမှုရှိတယ်လို့ စွပ်စွဲထားပါတယ်။  ကဘူးလ်က မိခင်နှင့်ကလေးဆေးရုံတိုက်ခိုက်မှုမှာ သူနာပြုတွေ၊ သားဖွားမိခင်တွေနဲ့  မွေးကင်းစ ကလေးနှစ်ဦးအပါအဝင် ၂၄ ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago

November 1, 2019

အိုက်အက်စ်ခေါင်းဆောင် သေဆုံးမှု လက်တုံ့ပြန်မည်ဟု အိုင်အက်စ်အဖွဲ့ကြေညာ

အိုင်အက်စ်ခေါင်းဆောင် အယ်ဘက်ဂ်ဒါဒီ  သေဆုံးသွားမှုအတွက် အမေရိကန်ကို လက်တုံ့ပြန်သွားမယ်လို့ အိုင်အက်စ်အဖွဲ့က အောက်တိုဘာ ၃၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။   ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ အောက်တိုဘာ ၂၆ ရက်ညက အမေရိကန်တပ်ဖွဲ့စီးနင်းမှုမှာ အိုင်အက်စ်ခေါင်းဆောင် သေဆုံးခဲ့တာပါ။   ၂၀၁၄ ကနေ ၂၀၁၇ အတွင်း အီရတ်နဲ့ ဆီးရီးယားက နယ်မြေအများအပြားကို  ထိန်းချုပ်ခဲ့တဲ့ အိုင်အက်စ်အဖွဲ့ဟာ မကြာသေးခင်က ဘက်ဂ်ဒါဒီရဲ့ အခြေအနေနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေခဲ့ပါတယ်။  အိုင်အက်စ်အဖွဲ့က ထုတ်လွှင့်တဲ့ အသံဖိုင်မှာ  ခေါင်းဆောင် ဘက်ဂ်ဒါဒီ သေဆုံးတာကို အတည်ပြုခဲ့ပြီး ကွာရက်ရှီကို ခေါင်းဆောင်သစ်အဖြစ် ခန့်အပ်တယ်လို့ ကြေညာခဲ့ပါတယ်။ အိုင်အက်စ်ခေါင်းဆောင် သေဆုံးတာက  အိုင်အက်စ် အဖွဲ့ လုပ်ဆောင်ချက်တွေအပေါ် သက်ရောက်မလားဆိုတာ ဆွေးနွေးငြင်းခုံစရာ ဖြစ်နေပါတယ်။   အိုင်အက်စ်ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်သွားပေမယ့် အိုင်အက်စ်အဖွဲ့ ရဲ့ အယူဝါဒနဲ့ဝါဒစွဲ မုန်းတီးမှုကတော့ လူအတော်များများကို ဆက်ပြီး သိမ်းသွင်းနိုင်ဆဲပဲလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
2 years Ago
Up