အိမ်သာကျင်း

January 4, 2021

ပခုက္ကူတွင် အိမ်သာကျင်းတူးရာက မြေပြိုကျမှုကြောင့် ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

မကွေးတိုင်း‌ဒေသကြီး၊ ပခုက္ကူမြို့နယ် အမှတ် ၁၁ ရပ်ကွက်မှာ မနေ့ညနေက အိမ်သာဆားဗစ်ကျင်း တူးရာကနေ မြေပြိုကျပြီး အမျိုးသားတယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ညနေ ၄ နာရီလောက်က အမှတ် ၁၁ ရပ်ကွက်‌နေ အမျိုးသားတယောက်ရဲ့အိမ်မှာ အမျိုးသား ၃ ယောက်ဟာ  အိမ်သာဆားဗစ်ကျင်း တူး‌နေတုန်း မြေပြိုပိမိနေလို့ ပခုက္ကူမြို့နယ်မီးသတ်တပ်ဖွဲ့စခန်း တာဝန်ရှိသူတွေနဲ့ ပတ်ဝန်းကျင်ကလူတွေ ဝိုင်းဝန်းကယ်တင်ခဲ့ကြပါတယ်။ ပခုက္ကူမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးသူရကျော်စံက “တယောက်က မြေပိပြီး သေဆုံးသွားပေမယ့် ၂ ယောက်ကို  အချိန်မီကယ်တင်နိုင်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာ နည်းနည်းရပေမယ့် ဒဏ်ရာ မပြင်းထန်ဘူး” လို့ ပြောပါတယ်။ အဲဒီလူသေဆုံးမှုနဲ့ ပတ်သက်ပြီး ပခုက္ကူမြို့မရဲစခန်းမှာ သေမှုသေခင်း အမှတ်စဉ် ၁/၂၀၂၁ နဲ့ အမှုဖွင့်လှစ်ပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် စစ်ဆေးဆောင်ရွက်နေတယ်လို့ ရဲစခန်း တာဝန်ရှိသူတယောက်က ပြောပါတယ်။ သတင်း - ရဲထွဋ်၊ ဓာတ်ပုံ-ပခုက္ကူမီးသတ်
10 months Ago
Up