အိမ်ရှေ့မင်းသား ချားလ်စ်

March 26, 2020

ဗြိတိန် အိမ်ရှေ့မင်းသား ချားလ်စ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

ဗြိတိန်အိမ်ရှေ့မင်းသား ချားလ်စ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ တော်ဝင်အိမ်တော်က မတ် ၂၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဝေလမင်းသား ချားလ်စ်ရဲ့ ကိုရိုနာဗိုင်းရပ်စ် လက္ခဏာဟာ မပြင်းထန်ဘဲ ကျန်းမာရေး ကောင်းမွန်တယ်လို့  အိမ်တော်က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ရက်တွေမှာ ချားလ်စ်ဟာ ခါတိုင်းလို အိမ်ကနေ အလုပ်လုပ်နေတယ်လို့လည်း  အိမ်တော်က ပြောကြားပါတယ်။ ချားစ်ရဲ့ ကြင်ရာတော် ကမ်မီလာမှာတော့ ကိုရိုနာဗိုင်းရပ်စ် မတွေ့ဘူးလို့ သိရပါတယ်။ အခုအခါမှာတော့ အိမ်ရှေ့မင်းသား ချားလ်စ်နဲ့ ကြင်ရာတော် ကမ်မီလာတို့ဟာ  စကော့တလန် အိမ်တော်မှာ သီးခြားစီခွဲပြီး နေထိုင်နေပါတယ်။ မကြာသေးခင် သီတင်းပတ်တွေအတွင်း ချားလ်စ်ဟာ ဧည့်ပရိသတ်အများအပြားနဲ့ တွေ့ဆုံခဲ့တာကြောင့် ဘယ်သူ့ဆီကနေ ကူးစက်သလဲဆိုတာ ပြောကြားဖို့ မဖြစ်နိုင်ဘူးလို့ လန်ဒန်တော်ဝင် အိမ်တော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီနေ့မနက်ပိုင်းအထိ ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၅၂၉ ဦး၊ သေဆုံးသူ ၄၆၅ ဦးနဲ့ ပျောက်ကင်းသက်သာသူ ၁၃၅ ဦးရှိတယ်လို့ သိရပါတယ်။
1 year Ago
Up