အိမ်ရှင်ဖိလစ်ပိုင်

November 19, 2019

ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း အိမ်ရှင်ဖိလစ်ပိုင်နှင့် နိုဝင်ဘာ ၂၆ ယှဉ်ပြိုင်ရမည်

ဆီးဂိမ်းအမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်တွေ ထွက်ပေါ်လာပြီး မြန်မာအသင်းဟာ အိမ်ရှင် ဖိလစ်ပိုင်နဲ့ ပထမဆုံး ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်က အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ဆီးဂိမ်းအမျိုးသမီး ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၂၆ ရက်နေ့ကနေ ဒီဇင်ဘာ ၈ ရက်အထိ ကျင်းပမယ်လို့ သိရပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ အုပ်စု (က)မှာ ဖိလစ်ပိုင်၊ မလေးရှားအသင်း၊ အုပ်စု (ခ) မှာ လက်ရှိချန်ပီယံ ဗီယက်နမ်၊ အင်ဒိုးနီးရှားအသင်းတို့ ပါဝင်ပါတယ်။ မြန်မာအသင်းဟာ နိုဝင်ဘာ ၂၆ ရက်နေ့ ဖိလစ်ပိုင်၊ ဒီဇင်ဘာ ၂ ရက်နေ့ မလေးရှား အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။ ပြီးခဲ့တဲ့နှစ် ဆီးဂိမ်းပြိုင်ပွဲမှာတော့ မြန်မာအသင်းဟာ တတိယနဲ့သာ ကျေနပ်ခဲ့ရပြီး ဗီယက်နမ်က ပထမနဲ့ ထိုင်းက ဒုတိယရရှိခဲ့ပါတယ်။ ဆီးဂိမ်းစ် ပြိုင်ပွဲမြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ နိုင်ငံတကာခြေစမ်းပွဲအဖြစ် တရုတ် တိုင်ပေ အမျိုးသမီးအသင်းနဲ့ ၂၀ ရက် ညနေ ၄ နာရီ ဗဟန်းမြက်ခင်းတုကွင်းမှာ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဦးဝင်းသူမိုး ဦးဆောင်ပြီး ကစားသမား အယောက် ၂၀ နဲ့ သွားရောက်ယှဉ်ပြိုင်မယ်လို့ ဆိုပါတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအပြီးသတ် အယောက် ၂၀ စာရင်း– ဂိုး - မေဇင်နွယ်၊ မြဖူးငုံ နောက်တန်း - အိရတနာဖြိုး၊ အေးအေးမိုး၊ ဝေဝေအောင်၊ ချစ်ချစ်၊ ခင်သန်းဝေ၊ ခိုင်သဇင်၊ ဖြူဖြူ၀င်း အလယ်တန်း - ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ သင်းသင်းယု၊ နုနု၊ ခင်မိုးဝေ၊ ငယ်ငယ်ထွေး၊ မြတ်နိုးခင်၊ ရှေ့တန်း - ၀င်းသိင်္ဂီထွန်း၊ ရီရီဦး၊ ဂျုလိုင်ကျော်၊ စန်း‌သော်သော်
3 years Ago
Up