အိမ်ရာချီပျက်

A d v e r t i s e m e n t With Us

March 20, 2020

အီကွေဒေါနိုင်ငံ အမေဇုန်တော ရေကြီး၍ အိမ်ရာချီပျက်

အီကွေဒေါနိုင်ငံရဲ့ အမေဇုန်တောထဲမှာ မတ်လ ၁၇ ရက်က စပြီး ဆိုးဆိုးရွားရွား ရေကြီးနေလို့ ဘိုဘိုနာဇာမြစ်ဘေးက တိုင်းရင်းသားလူမျိုးစုနယ်မြေတွေအတွင်း ရာနဲ့ချီတဲ့အိမ်တွေ ပျက်စီး ခဲ့ပါတယ်။  ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေကို လည်စင်းခံနေရပြီး ခုခံနိုင်စွမ်းမရှိဘူးလို့ တိုင်းရင်းသားလူ့အဖွဲ့အစည်းဝင်တွေက ပြောပါတယ်။ အစိုးရဌာနတွေကတော့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ပြည်သူ့ရန်ပုံငွေတွေကို သုံးနေရပါတယ်။ “ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်အခြေအနေမှာမှ ကပ်ဘေးသစ်က လာပေါင်းနေတယ်။ အမေဇုန်ဒေသခံ လူ့အဖွဲ့အစည်းမှာ ဒဏ်မခံနိုင်မှုတွေ တိုးလာနေပြီး ခုတော့ လေကြောင်းနဲ့ မြစ်ကြောင်းကနေပဲ သွားလာလို့ ရတော့တယ်။ ဌာနေတိုင်းရင်းသားတွေ ဘေးကင်းရေးက ဘေးသင့်နေပြီ” လို့ အမေဇုန်အီကွေဒေါ တိုင်းရင်းသားမျိုးနွယ်စုများ အသင်းချုပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။
12 months Ago
Up