ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်း အမေရိကန်ပြည်ထောင်စု လာ့စ်ဗေးလ်ဂတ်စ်မြို့မှာ အိမ်ယာမဲ့တွေကို ကားပါကင် တခုထဲမှာ ယာယီ နေရာချတားပေးပါတယ်။
အိမ်ယာမဲ့တွေကို လာ့စ်ဗေးလ်ဂတ် မြို့လယ်ကောင်က အားကစားရုံ ကားပါကင် အတွင်း နေရာ ချထားပေးထားတာပါ။
ယာယီနေရာ ချပေးရာမှာ တဦးနဲ့တဦး ခပ်ခွါခွါနေတဲ့ လမ်းညွှန်ချက်နဲ့အညီ အိမ်ယာမဲ့ တွေဟာ သူတို့ရဲ့ အိပ်ယာခင်းတွေကို သတ်မှတ် မျဉ်းဖြူအတွင်း နေရာချရပါတယ်။
ဒေသခံမီဒီယာအဆိုအရ အနီးဝန်းကျင်မှာ ရှိတဲ့ အိမ်ယာမဲ့စခန်းကို ယာယီ ပိတ်လိုက်တာ ကြောင့် အိမ်ယာမဲ့ ရာချီပြီး အိပ်စရာနေရာ မရှိ ဖြစ်ခဲ့ရတယ်လို့သိရပါတယ်။
လာ့စ်ဗေးလ်ဂတ်မြို့ဟာ အမေရိကန်နိုင်ငံအတွင်း အိမ်ယာမဲ့ဦးရေ အများဆုံးရှိတဲ့ မြို့ ၁၀ မြို့ထဲ ပါဝင်ပါတယ်။
ဒါ့အပြင် အမေရိကန် တနိုင်ငံလုံးမှာ အိမ်ယာမဲ့ ငါးသိန်းခွဲကျော် ရှိတယ်လို့ Backpack Bed for Homeless အဖွဲ့အစည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
11 months Ago