အိမ်မွေး ဝံပုလွေ

January 25, 2020

ဝံပုလွေများနှင့်အတူနေသည့် ဆော်ဒီမိသားစု (ရုပ်သံ)

အိမ်မွေးခွေး၊ ကြောင် ဆိုတာ အဆန်းမဟုတ်ပေမယ့် ဆော်ဒီမိသားစုတစုကတော့ အိမ်မွေး ဝံပုလွေတွေနဲ့ တအိမ်တည်း အတူနေကြပါတယ်။ ဆော်ဒီအာရေးဘီးယားနိုင်ငံမြောက်ပိုင်း အယ်ဂျူဒေသက  ရာမီအယ်ဆာဟာနီရဲ့ အိမ်မှာ အိမ်မွေးဝံပုလွေတွေကို တွေ့ရပါတယ်။ ဆာဟာနီရဲ့ ကလေးနှစ်ယောက်က သူတို့ကို စ နောက်၊ အမွေးတွေ ဖြီးလိမ်းပြီး အနမ်းပေးနေစဉ်မှာတောင် အာရေဘီးယားမျိုး ဝံပုလွေတွေဟာ တည်တည်ငြိမ်ငြိမ်နဲ့ တုန်လှုပ်ခြင်း အလျှင်းမရှိပါဘူး။ ဆာဟာနီတို့ မိသားစုအဖို့ ဝံပုလွေမွေးတာက ရုပ်ရှင်ထဲကလို ရုပ်ပြသက်သက် မဟုတ်ပါဘူး။ တောရိုင်းတိရစ္ဆာန်နဲ့ အတူနေတဲ့ သူတို့ရဲ့ နိစ္စဓူဝ ဘဝဆိုလည်း ဟုတ်ပါတယ်။  “ကျနော်တို့နဲ့ သူတို့ ဆက်ဆံရေးကတော့ မိသားစုတွေလိုပါပဲဗျ။ ဒီဝံပုလွေတွေက မိသားစုဝင်တွေပဲ။ ကျနော်တို့နဲ့ သူတို့က လက်ပွန်းတတီးကို နေကြတာ။ ကျနော့်ကလေးတွေတောင် သူတို့ကို နည်းနည်းမှ မကြောက်ဘူး။ ဝံပုလွေဆိုတာ အန္တရာယ် များတယ်။ သူတို့က ဆက်ဆံရ ခက်တယ်ဆိုပေမယ့် ကလေးတွေက သူတို့နားသွားပြိး သူတို့နဲ့ ကစားတယ်လေ။ ကျနော့်သားဆို သူတို့နဲ့ အတူကစားတာ ဘာမှ မဖြစ်ဘူး။ ကျနော်တို့က သူတို့အကြောင်းကို ကောင်းကောင်းနားလည်တော့ ဘာအန္တရာယ်မှ မရှိဘူး” လို့ ဝုံပုလွေတွေ မွေးထားသူ ရာမီအယ်ဆာဟာနီက ပြောခဲ့ပါတယ်။ ဆာဟာနီ မိသားစုနဲ့အတူ အဲဒီဝံပုလွေတွေ နေထိုင်နေတာ ၁၁ နှစ်ကြာ ရှိနေပြီး အချိန်ကြာတာနဲ့အမျှ သူတို့ကြားက ချစ်ခြင်းမေတ္တာဟာ ပိုမိုခိုင်မြဲလို့လာပါတယ်။  ဝံပုလွေတွေဟာ မိတ်လိုက်ရာသီအတွင်း ရန်လိုလေ့ရှိပြိး အဲဒီအချိန်မှာ မိသားစုကို အန္တရာယ်မဖြစ်စေဖို့ သူတို့ကို  သီခြားထားတယ်လို့ ဆာဟာနီက ရှင်းပြခဲ့ပါတယ်။ 
1 year Ago
Up